Chapter 82

1.1K 202 11
                                    

Unicode;

စိတ်လှုပ်ရှားမှု

ရှောက်ဟန်ကပြောသည့်အတိုင်းပဲ သူ့ရဲ့နဂိုပစ္စည်းတွေကို တစ်စုံတစ်ဦးမှ အလျင်အမြန်ပေးပို့ပြီး ၎င်းတို့ရဲ့မူလအနေအထားသို့ ပြန်လည်ထားရှိခဲ့သည်။‌ေရှာက်ဟန်ကို မောင်းထုတ် ဖို့ သူ့မှာ မျှော်လင့်ချက်ရှိမနေဘူးဆိုတာကိုတော့ ကျန့်ချီ သိသည်။ သူ ထပ်ခါထပ်ခါသတိပေးပြီးနောက်မှာတော့ ရှောက်ဟန်က ဆန့်ကျင်ဘက်ကုတင်ပေါ်တွင် တုံ့ဆိုင်းစွာ လှဲ‌ချလိုက်‌ေတာ့သည်။ဤမျှကျဉ်းမြောင်းတဲ့ ကုတင်တစ်လုံးမှာ သူ တစ်ခါမှ မအိပ်ဖူးခဲ့တာမို့ သူဟာ မကြာခဏဆိုသလို လှည့်ပတ်နေသည်။။ နောက်နေ့မနက်မှာတော့  နှိုးစက်နာရီကြောင့် Jian Chi နိုးမလာဘဲနဲ့ သူ့ဘေးနားက မီးဖိုလို အပူရှိန်ကြောင့် နိုးလာတော့သည်။

ဒါ ဒုတိယအကြိမ်ပဲ

ကုတင်ပေါ်ကနေ ကျန့်ချီ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ရာ ရှောက်ဟန်ရဲ့  အိပ်ပျော်နေပေမယ့်လည်း ချောမောတဲ့ မျက်နှာက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာတဲ့အခါ ကျန့်ချီ ကြီးမားတဲ့ ခွန်အားဖြင့် မညှာမတာ ရိုက်ချလိုက်သည်။ ရှောက်ဟန်ရဲ့ မှိတ်ထားသော မျက်လုံ‌ေတွက ဖွင့်လာပြီး နှာခေါင်းက‌ ‌ေန မနှစ်သက်တဲ့ အသံကို ညှစ်ထုတ်လာကာ “…မင်း ဘာလုပ်လုိက်တာလဲ”

"မနေ့က ကတိပေးခဲ့သမျှတွေ မင်းမေ့သွားပြီလား"

ကျန့်ချီရဲ့ အမေးကြောင့် ရှောက်ဟန် တော်တော် စိတ်တိုသွားသည် ။ သူက ပျင်းရိစွာ သမ်းဝေလိုက်ပြီး ကျန့်ချီရဲ့ခါးကို ဖက်လာရင်း ရှက်ကိုးရှက်ကန်းဖြင့် လိမ်ညာလိုက်သည်- "မေ့သွားပြီ၊ မင်းကိုယ့်ကို ထပ်ပြီးသတိပေးလို့ ရတယ်‌ေလကွာ၊ မနက်ဖြန်ဆိုရင်တော့ ကိုယ် မှတ်မိလိမ့်မယ်”

“မင်း……”

ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူကို ကြုံတွေ့ရချိန်မှာတော့ ကျန့်ချီ စကားမပြောနိုင်‌ေတာ့ပဲနဲ့ လည်ချောင်းထဲက အသံတစ်ခုကိုပဲ ညှစ်ထုတ်နိုင်‌ေတာ့တယ်။ဒီမြင်ကွင်းက ပုံမှန်ဖြစ်လာနိုင်တယ်လို့ထင်မိပြီး သူ ဆိုးရွားတဲ့ခံစားချက်ကိုရရှိလိုက်‌ေတာ့သည်။ ကံကောင်းထောက်မစွာနဲ့ ရှောက်ဟန် မနက်ခင်းမှာ အတန်းမရှိသောကြောင့် ကျန့်ချီ တစ်ယောက်တည်း ထွက်သွားနိုင်ခဲ့သည်။ ရှောက်ဟန်က သူ့ကို ချုပ်ပြီး အိပ်ဆောင်ထဲက အတူတူ ထွက်သွားရင် နောက်နေ့အထိ စောင့်စရာ မလိုတော့ဘဲ ကောလဟာလတွေ ထွက်လာကာ သူကျောင်းမှာ အဆင်မပြေ‌ေလာက်တော့ဘူးလို့ သူယုံကြည်တယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now