Chapter 75

1.1K 209 4
                                    

Unicode;

မုသား


ကျန့်ချီ သူ့ မျက်လုံး‌ေတွကိုဖွင့်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ခပ်မှိန်မှိန် အလင်းတန်းတွေက တဖြည်းဖြည်းပေါ်လာပြီး သူ့စိတ်ထဲမှာလည်း သိပ်မကောင်းတဲ့ အမှတ်တရတချို့ဟာ ပြန်ပေါ်လာသည်။ သူ ခေါင်းအုံးအောက်ရှိ လက်ကိုင်ဖုန်းကို ယူပြီး ကြည့်လိုက် 8:59 ဖြစ်နေပြီ မျက်စိ တစ်မှိတ်အတွင်းမှာပဲ 9:00 ဖြစ်လို့သွားတယ်။

သူတော့ မနက်ပိုင်း အတန်းမတက်နိုင်တာ သေချာသွားသည်။ကျန့်ချီ  မျက်လုံး‌ေတွကို မှိတ်ထားလိုက်ပြီး ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်သည်။ ကျန့်ချန်းချောင်တစ်ယောက်သာ သူ့အဖြစ်မြင်ခဲ့ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်သက်ပြင်းချရတာ သူအတွက်တော့ ကံ‌ေကာင်း‌ေတာ့မှာ မဟုတ်ဘူးလို့ သေချာပေါက်ပြောလိမ့်မယ်။ ဒါပေမယ့်လည်း သူ့ရင်ဘတ်က နာကျင်ကိုက်ခဲမှုတွေကို ပြေလျော့စေမယ့် တခြားနည်းလမ်းတွေတော့ ရှိပါသေးတယ်။

အဲ့ဒါက ခံစားချက်လုံးဝမရှိဘူးလို့ လိမ်ညာပြောမိလိမ့်တာပဲဖြစ်တယ်။

ရှောက်ဟန်က အရက်ရဲ့ လွှမ်းမိုးမှုအောက်မှာသူ့ရဲ့ လုံးဝခြားနားတဲ့ တစ်ဖက်ခြမ်းကို ထုတ်ဖော်ပြသလာပြီး အတိတ်ကို အေးဆေးတည်ငြိမ်တဲ့လေသံဖြင့် ပြန်ပြောပြလာတာကို မြင်လိုက်ရပြီး သူ့ရဲ့ လှည့်စားတတ်တဲ့ မျက်နှာနဲ့ ပွေ့ဖက်မှုတို့ကြောင့် ကျန့်ချီ အဲ့ဒီအချိန်တုန်းက သူ တစ်ခဏမျှကြီးကြီးမားမား ထိတ်လန့်တုန်လှုပ်သွားခဲတယ်။

ရှောက်ဟန် က ဆိုးပေမယ့် တစ်ချိန်တည်းမှာပဲ သူက ‌သိပ်တော့လည်းမဆိုးပါဘူး။ သူ့ကိုယ်သူ လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာပြီး အမှန်တရားကို အခြားဝိသေသလက္ခဏာ‌ေတွနဲ့ ဖုံးကွယ်ထားပြီး‌ေန ‌ေနတာဖြစ်တယ်။ ကျန့်ချီ သူ'ကိုယ် ဝန်ခံပါတယ် မင်းကိုနည်းနည်း‌ေတာ့ သဘောကျမိတယ်' ဆိုတဲ့ စကားအပါအဝင် ရှောင်ဟန်ပြောသမျှ စကားလုံးတိုင်းကို ကျန့်ချီဘစပြီး တွေးတောကြည့်လိုက်တဲ့အခါမှာတော့ အထောက်အထားမပြနိုင်လောက်အောင်ကို ကြောက်သွားမိတယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now