Chapter 69

1K 204 12
                                    

Unicode;

မိသားစု နောက်ခံ

သူ့ဂျာကင်အ‌ကျီကို ချွတ်လိုက်တော့ ဆွယ်တာတစ်ထည်နဲ့ shirt တစ်ထည်ပဲ ကျန်တော့သည်။ ကျန့်ချီ သူ့ရဲ့ပိန်ပါးတဲ့လက်မောင်းကိုထိလိုက်ပြီး သူ့အဝတ်အစားဝတ်ထားသည့် ရှန်ရှူထင်း ကိုကြည့်လိုက်သည်။ သူ စောစောကပင် နူးညံ့သိမ်မွေ့ပြီး စိတ်နှလုံးရှိတဲ့  သူရဲကောင်းဖြစ်မိခြင်း နောင်တရနေမိသည်။

အချိန်တွေဟာ အမှောင်ထုထဲမှာပင် အလွန်နှေးကွေးစွာ ရွေ့လျားလာပြီး တစ်မိနစ်ရဲ့ စက္ကန့်တိုင်းဟာလည်း ညှှင်းပန်းမှုဒဏ်ကိုခံ‌ေနရသလိုဖြစ်‌ေနသည်။သူယုံကြည်မိတာကတော့ ဒီခံစားချက်ရဲ့ အဓိကအကြောင်းရင်းက ရှန်ရှူထင်း ဖြစ်နေတာပါပဲ။ ဒီနေရာမှာ ပိတ်မိနေသူကို ကျန်းရန် အဖြစ်သာအစားထိုးလိုက်ရင်  လေထုနဲ့ ခံစားချက်က ဒီလောက် အေးခဲနေမှာတော့ မဟုတ်လောက်ပေ။

ကျန့်ချီ သူ့အနောက်ဘက်ရှိ ဓာတ်လှေကားနံရံကို မှီရင်း မျက်လုံးမှိတ်လိုက်ကာ လာကယ်တင်ခံရဖိုကို စောင့်ဆိုင်းနေစဉ်မှာပဲ သူ့ရဲ့ energyက ကယ်တင်ခံရတော့သည်။ သူ့အသိစိတ်တွေ မှုန်ဝါးသွားချိန်မှာတော့ ဓာတ်လှေကားတံခါးရဲ့ အကွာအဝေးက အလင်းရောင်က လင်းထိန်နေပြီး သူ့နာမည်ကို ခေါ်တဲ့ အသံတစ်ခု။

"ကျန့်ချီ ၊ ကျန့်ချီ မင်းအထဲမှာရှိလား?"

ကျိဟွိုင်စစ်ရဲ့အသံ!

ထိုအချိန်မှာပဲ ကျန့်ချီရဲ့ အေးစက်မှုတစ်ဝက်လောက်က လွင့်ထွက်သွားသည်။ ဓာတ်လှေကားတံခါးကို ကယ်ဆယ်ရေးသမားတွေက တွန်းဖွင့်လိုက်တာမို့ ရုတ်တရက် အလင်းရောင်ဝင်ရောက်လာမှုဟာ ကျန့်ချီကို စိတ်မသက်မသာဖြစ်စေခဲ့တယ်။ရုတ်တရက် နွေးထွေးပြီး အားကောင်းတဲ့လက်ဖဝါးက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသည်။ မှောင်မဲနေတဲ့ ဓာတ်လှေကားမှ ဆွဲထုတ်ခံရတဲ့အချိန်မှာ သူ့ရဲ့တောင့်တင်းနေတဲ့ ခြေထောက်တွေဟာ ရုတ်တရက် ထရပ်ရတာမို့လိုက်လျောညီထွေ မဖြစ်နိုင်တော့ဘဲ ကျိဟွိုင်စစ်ရဲ့  လက်နှစ်ဖက်ထဲသို့ လဲကျသွားခဲ့သည်။

ရင်းနှီးပြီး ကျက်သရေရှိတဲ့ ရနံ့က သူ့နှာခေါင်းဖျားသို့ တိုးဝင်လာကာ မထင်မှတ်ဘဲ လုံခြုံမှုကို ခံစားရစေသည်။ ကျန့်ချီ ကျိဟွိုင်စစ်ရဲ့ လက်ကို တုန်တုန်ရီရီနဲ့ ဆုပ်ကိုင်ထားလိုက်ရာ သူ့ရဲ့နှလုံးဟာ ရပ်တန့်သွားပုံရပြီး လျင်မြန်တဲ့ လှုပ်ရှားမှုကို လိုက်မမီ‌ေတာ့ပေ။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now