Chapter 57

1.4K 259 17
                                    

Unicode;

ကြံစည်မှု

ကျန့်ချီ သူက တခြားသူတွေကို နားလည်တယ်လို့ မပြောနိုင်ပေမယ့် ကျန့်ချန်းချောင်ကိုတော့ နားလည်တယ်လို့ သူ သေချာပေါက် ပြောနိုင်ပါတယ်။ သူတို့နှစ်ယောက်သားအဖ ‌ေတွဖြစ်‌ေနပ ‌ေမယ့် တစ်ဦးနဲ့တစ်ဦး ကောင်းစွာနားလည်သဘောပေါက်နေတဲ့ သူငယ်ချင်း‌လိုကဲ့သို့ပင်။

ကျန့်ချန်းချောင် မှာက သက်လတ်ပိုင်း အမျိုးသားတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ အကျင့်ဆိုးတွေ အများကြီး မရှိပါဘူး။ သူ့ မိန်းမ ဟဲယွက်ချင်း ကွယ်လွန်သွားခဲ့ပြီးနောက် သူတို့အရင်အတူရှိခဲ့ဖူးတာမို့လို့ သူမရဲ့ ထွက်ခွာသွားမှုက သူ့ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပါတယ်။ သူ့အပေါ် ကျန့်ချီရဲ့ အထင်ကြီးခြင်းအစက ကျန့်ချန်းချောင်ဟာ  အလုပ်များနေတာတောင် သူ့ကို ပြုစုစောင့်ရှောက်သလို  တခြားအလုပ်ပို‌ေတွကိုလည်း လုပ်ခဲ့‌ေသးပါတယ်။ သူသာ အလုပ်မကြိုးစားခဲ့ရင် မိသားစုက ကုန်သွားတဲ့ ဆေးဖိုးတွေကို ဖြည့်ဆည်းပေးဖို့ဆိုတာက မဖြစ်နိုင်ပေ။ ကျန့်ချီ သူငယ်ငယ်က သူဟာ သူ့အဖေနဲ့အတူတူရှိချင်ပေမယ့် ဒါကို ကျန့်ချန်းချောင်က လွယ်လွယ်နဲ့ နားမလည်ဘူးဆိုတာကို ကျန့်ချီ သူအစောကြီးတည်းက သဘောပေါက်သွားခဲ့မိပါတယ်။

ကျန့်ချီကတော့ ကျန့်ချန်းချောင်ဟာ  သူ့မိသားစုကို ထောက်ပံ့ဖို့ အလုပ်ကြိုးစားခဲ့တာမို့  အကြွေးတွေဆပ်ပြီး ပြန်မဆပ်နိုင်ဘူးဆိုတာကို မယုံပါဘူး။ အခု သူက Saintston မှ ပညာသင်ဆု အပြည့်ရထားပြီးဖြစ်သောကြောင့် ကျူရှင်ခနှင့် နေထိုင်စရိတ်များ အတွက် စိတ်ပူစရာ မလိုတော့ပါ။ ကျန့်ချန်းချောင်ရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး သူဟာ အကြွေးကိုမပေးဘဲ ရှောင်မည့်သူမျိုးမဟုတ်‌ေပ။ သူအဲ့တာကို  တွေးပြီးနောက် စိတ်မပူတော့ပေ။

ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျန့်ချီတစ်ယောက် သူရိုက်ထားတဲ့ ဓာတ်ပုံအချို့ကို အကြာကြီး စိုက်ကြည့်ကာ စဉ်းစားနေမိသည်။ ပြဿနာက ကျန့်ချန်းချောင် နဲ့မဆိုင်ဘူးဆိုရင်တော့ သူ့နဲ့ဆိုင်နေတာပဲဖြစ်မယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now