Chapter 50

1.5K 248 7
                                    

Unicode;

လျော်ကြေးငွေ

ကျန့်ချီ မြေပြင်ကို မသိစိတ်က သူ့နောက်ကျောဖြင့် ထောက်ကာ သက်ရောက္ မှုကို လျော့ပါးစေခဲ့သည်။ မူးဝေတာ ပျောက်ကွယ်သွားပြီးနောက် ညဘက်မှာ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့်လည်း သူ့လက်နှင့် အဝတ်တွေက မြေကြီးနှင့် ကျောက်တုံးများထဲသို့ ဖိမိနေတာကို သူသိသည်။

ကျိဟွိုင်စစ် ထံကို ဝတ်စုံကို ပြန်ပေးမယ်လို့ ကတိပေးခဲ့တာကို သတိရကာ ကျန့်ချီ သူ့အဝတ်အစား‌ေတွ ခြစ်မိခြင်း ရှိမရှိ စစ်ဆေးဖို့ နာကျင်ကိုက်ခဲမှုကို ခံနိုင်ရည်ရှိအောင် နှလုံးသွင်းကာ ထလာခဲ့သည်။ အကွာအဝေး ထိန်းသိမ်းမှုကို လျစ်လျူရှုလိုက်ပြီး ရှန်းရှုထင်းက သူဆီလျှောက်လမ်းလာကာ မြေပြင်ပေါ်ရှိ ကျိုးနေတဲ့ ပန်းကိုင်းများကို စိုက်ကြည့်နေပြီး သူ့ကို ဘေးသို့ ဆွဲထုတ်လိုက်သည်။

ပြုတ်ကျသည့်အချိန်မှာ မသိစိတ်က တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်သော်လည်း သူ့ဘေးနားရှိ ပန်းများကို ချိုးဖျက်ဖို့ မမျှော်လင့်ထားပေ။ သူက ရှန်းရှုထင်းရဲ့ မခန့်မှန်းနိုင်တဲ့ မျက်နှာကို ကြည့်ပြီး "တောင်းပန်ပါတယ်၊ ကျွန်တော် မရည်ရွယ်ပါဘူး" လို့ တိုးတိုးလေး ပြောလိုက်ပါတယ်။

ရှန်းရှုထင်း က သူ့ကို မကြည့်ဘဲ သူ့အသံက လရောင်နဲ့တူပြီး စကားလုံးတိုင်းက ကျယ်လောင်စွာ ပဲ့တင်ထပ်နေတယ် - "ဒီ Calda နှင်းဆီပန်းစည်းကို Boros က လေယာဉ်နဲ့ ယူလာပြီး သုံးနှစ်ကြာအောင် ပြုစုပျိုးထောင်ခဲ့တာ။ မင်းဖျက်စီးလိုက်တဲ့ နှင်းဆီနှစ်ပွင့်က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းသိလား"

ကျန့်ချီ သူ့စိတ်ထဲမှာ အေးတိအေးစက် ခံစားရပြီး လုံးဝမသိချင်ပေမယ့် တိတ်ဆိတ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက သူ့ကို အသက်ရှူရခက်စေတဲ့အတွက် ပါးစပ်ကို ကိုက်ပြီး “ဘယ်လောက်လဲ” လို့ မေးလိုက်ပါတယ်။

ရှန်းရှုထင်း က "ဒီပန်းအစုလိုက်က Boros ငွေကြေးမှာ 2 သန်း၊ တရုတ်ငွေကြေးနဲ့ဆို 17 သန်းနဲ့ညီမျှတယ်"  "မင်း ဖျက်စီးလိုက်တဲ့ ပန်းနှစ်ပွင့်က စုစုပေါင်း 5 သန်း"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now