Chapter 60

1.5K 256 19
                                    

Unicode;

တိုက္မိခြင်း

သူမုန်းတဲ့ လိင်တူချင်း ရှောက်ဟန် က  ကျန့်ချီကို  ဒီလိုအနေအထားမျိုးနဲ့ တစ်ခါမှ မပွေ့ဖက်ဖူး‌ေပ။

မရုန်းခင်မှာ ရှောက်ဟန်ဟာ သူ့ရဲ့နောက်ထပ်လှုပ်ရှားမှုကို မျှော်မှန်းထားသလိုမျိုး သူ့လက်‌ေမာင်းကို လွှတ်လာခဲ့ပါတယ်။ သူက ပြုံးပြုံးလေးနဲ့ မျက်ခုံးပင့်လိုက်ကာ “စိတ်လှုပ်ရှားစရာ ကောင်းလား”

နောက်ဆုံးတော့ နှလုံးခုန်သံက နဂိုအနေအထားသို့ ပြန်ကျသွားသည်။ ကျန့်ချီ မတ်တပ်ရပ်လိုက်ပြီး သူ့သွား‌ေတွကိုလည်း အံကြိတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ပယ်ချလိုက်သည်။"နောက်ခါ ငါမုန်းတီးတဲ့လှုံ့ဆော်မှုတွေကို မင်းမှတ်မိနိုင်မယ်လို့ မျှော်လင့်တယ်"

'မုန်းတီး' ဆိုတာကို တမင်တကာ အလေးပေးရင်းပြောလိုက်တော့ ရှောက်ဟန်ရဲ့ အပြုံးက ပိုကျယ်လာတယ်။ သူက ကျန့်ချီရဲ့ နားရွက်ကိို စိတ်အနှောက်အယှက်ဖြစ်စရာ ရွှတ်နောက်နောက်နဲ့ ပွတ်သပ်ရင်း"မင်းကိုယ့်ကို အခုထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလို့ မလွှတ်နိုင်လောက်အောင်ကို စိတ်အနှောက်အယှက်ဖြစ်ပုံရတယ်နော်"

သူက 'စိတ်အနှောက်အယှက်ဖြစ်စရာ' ဆိုတာကို အလေးပေး‌ေပြာ‌ေန ‌ေပမယ့်လည်း အဆုံးသတ်လေသံကတော့ လေးနက်တဲ့အဓိပ္ပာယ်နှင့် ရောထွေးနေပါတယ်။

ကျန့်ချီ ရှောက်ဟန်ကို စကားလုံး‌ေတွနဲ့ အနိုင်ယူလို့ မရသည့်အပြင် ဒီတွေးခေါ်နိုင်စွမ်းကို သူနှင့် မငြင်းခုံချင်ပေ။ သူ့အနောက်က ကျောင်းဝင်း အဆောက်အဦးကို ကြည့်လိုက်တော့ သူ စွမ်းအားမဲ့တဲ့ ခံစားချက်ကို ခံစားလိုက်ရပြီး "ငါတို့ ဘယ်လို ထွက်ကြမလဲ"

"မင်းဘာလို့ဒီလောက်အလျင်လိုနေရတာလဲကွာ?" ရှောက်ဟန်က ကျန့်ချီရဲ့လက်ကို ဂရုမစိုက်သလို ဆုပ်ကိုင်လိုက်ပြီး "အခု အဆင်ပြေနေပြီ‌ေလ၊ သူတို့အကုန်လုံးကလည်း အတန်းထဲရောက်နေပြီဆို‌ေတာ့ ကိုယ်တို့သွားချင်တဲ့‌ေနရာကို သွားလို့ရပြီ"

အစောင့်က ဖမ်းမိသွား‌ေတာ့ သတိမထားမိဘဲ ကျန့်ချီ လန့်သွားကာ ရှောက်ဟန်ရဲ့ အရှိန်ကို အမီလိုက်ဖို့ ကြိုးစားခဲ့တယ်။ သူ့ဘယ်ဘက်လက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ အပူချိန်ဟာ ပေါက်ကွဲထွက်နေတော့ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ သူ မလုပ်နိုင်တော့ဘူး။ ကျန့်ချီ လက်လျှော့ပြီးပဲ ရပ်တန့်လိုက်‌ေတာ့တယ်၊ အနည်းဆုံးတော့ သူတို့ နှစ်ယောက်ပဲ ရှိတာ‌ေလ၊ လက်ကို ကိုင်ထားတာနဲ့‌ေတာ့ သူ့ အသားတစ်ပိုင်း ဆုံးရှုံးသွားမှာမှ မဟုတ်တာ။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now