Chapter 83

1.1K 176 10
                                    

Unicode;

ကျင်းကျင်းရဲ့ တုံ့ပြန်မှုက ကျန့်ချီ ထင်ထားတာထက်ကို   အနည်းငယ် ပိုပြီး စိတ်အားထက်သန်လို့‌ေနသည်။ လက်ဆောင်ကို ယူလိုက်သည်နှင့် သူမရဲ့ မျက်လုံးကြီး‌ေတွက စပျစ်သီးနက်‌ေတွကဲ့သို့ တောက်ပနေသည်။ ဝိန်ချွမ်က ကိတ်မုန့်အတွက် ဖယောင်းတိုင်တွေကို မီးညှိလိုက်ပြီး ကျန့်ချီကတော့ ကိတ်မုန့်မှာပါလာတဲ့ စက္ကူကို သရဖူပံုစံကို ခေါက်ကာ ကျင်းကျင်းရဲ့ ခေါင်းပေါ် သို့တင်လိုက်တဲ့အခါမှာ ကျင်းကျင်းက ရုတ်တရက် သူ့နားကို ချဉ်းကပ်လာပြီး တိုးတိုးလေးနဲ့လျှို့ဝှက်ချက်တစ်ခုပြောလာသည် "တကယ်တော့ သမီးသိထားပြီးသား။ ကိုကြီးလာမယ်ဆိုတာကို"

ကျင်းကျင်းရဲ့ တုံ့ပြန်မှုက အံ့သြစရာမဟုတ်ကြောင်း ကျန့်ချီ မြင်လိုက်ရတာကြောင့် သိချင်ဟန်ဆောင်ကာ "ကျင်းကျင်းက ဘယ်လိုသိတာလဲ"

“သမီးအစ်ကိုဆီက ‌ေလ။ သမီးက ကိုကြီးကျန့်ချီရောလာမှာလားလို့မေးတော့ သူကမသိဘူးလို့ပြောတယ် "

"သူကမသိဘူးလို့ပြောတာမဟုတ်ဘူးလား။ သူ မင်းကို ဘယ်လိုပြောခဲ့လို့လဲ"

ကျင်းကျင်းက ပျော်ရွှင်စွာ မေးစေ့ကို မြှောက်လိုက်ပြီး "သမီးအစ်ကိုရဲ့ အတွေးတွေက ခန့်မှန်းရလွယ်လွန်းတယ်။ သူ မသိဘူးလို့ ပြောတဲ့အခါကြရင် သူ့မျက်နှာပေါ်က အမူအရာက ရှင်းရှင်းလင်းလင်း အသားကျလာလိမ့်မယ်”

ကျန့်ချီ ခဏလောက် အံ့ဩသွားပြီးနောက် ရယ်လိုက်မိတယ်။ ကျင်းကျင်း လို ကလေးမ‌ေလးတစ်ယောက်တောင်မှ ဝိန်ချွမ်ရဲ့ ရုပ်ဖျက်လို့မရတဲ့ ခံစားချက်တွေကိုမြင်နိုင်တယ်ဆိုတော့ ဝိန်ချွမ်ရဲ စိတ်တွေ ဘယ်လောက်တောင် လွတ်လွတ်လပ်လပ် ရှိနေလဲဆိုတာ သိနိုင်ပါတယ်။ မျက်လုံးနှစ်စုံရဲ့ အကြည့်ကို ခံစားလိုက်ရဲ့ ဝိန်ချွမ်က နောက်ဆုံးဖယောင်းတိုင်ကို ထွန်းညှိလိုက်ပြီး အတူတူထိုင်ပြီး တိုးတိုးနဲ့ရေရွတ်နေကြတဲ့ ကျန့်ချီနဲ့ ကျင်းကျင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ကလေးနှစ်ယောက်ကို ကြည့်နေသလိုမျိုး ဂရုမစိုက်ဘဲ အရိပ်အမြွက်ပြသနေသည်။ “ကိုယ့် နာမည် ကြားလိုက်တယ်နော်"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now