Chapter -86

699 112 8
                                    

Unicode;

အခန်း 86: ရွေးချယ်မှု

နောက်ထပ် ကျိဟွိုင်စစ်ပါ ပါလာပြီဆိုတော့ အရာ‌အားလံုးက ပိုဆိုးတဲ့ ဦးတည်ချက်သို့ ရောက်သွားမယ်ဆိုတာသိသာထင်ရှားပါတယ်။

ကျန့်ချီ ရှောက်ဟန်ကို ပြတင်းပေါက်မှ ပြန်သွားစေဖို့ရော ကျိဟွိုင်စစ် ကို ရော တံခါးအပြင်မှာ ဒီတိုင်း ထားဖို့ဆိုတာ နည်းလမ်းမရှိသဖြင့် တံခါးကို ရဲရင့်စွာ ဖွင့်လိုက်သည်။ ကျိဟိွုင်စစ်က ကုတင်ပေါ်ရှိ ရှောက်ဟန်ရဲ့  ဒေါသအကြည့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပံုက အံဩ သွားပုံတော့မပေါ်ပေ။ သူကပြုံးပြီး ကျန့်ချီကို "နေ့လည်စာစားရတော့မယ်၊ အတူတူဆင်းပြီးသွားချင်လား"

ကျိဟွိုင်စစ်က ပိုပြီးငြိမ်သက်လေလေ ကျန့်ချီရဲ့ နှလုံးသားက ပိုပြီး ရင်တုန်လာလေလေဖြစ်သည်။ သူ ပါးစပ်ကိုဖွင့်ပြီး ပြန်ပြောဖို့ အချိန်မရလိုက်ခင်မှာဘဲ သူ့ပုခုံးတွေ ရုတ်တရက် နစ်မြုပ်ပြီး လေးလံသွားကာ ဘယ်အချိန်ကရောက်လာမှန်း မသိလိုက်တဲ့ ရှောက်ဟန်က သူ့ကို ရင်းနှီးစွာ ပွေ့ဖက်လိုက်ပြီး သူ့မျက်လုံးတွေက တောက်ပ ‌ေနကာ မကျေနပ်ဖြစ်‌ေနတာကလွဲလို့ ပြုံးပြီး “ဒုဉက္ကဌရဲ့ မျက်လုံးတွေက မကောင်းဘူးထင်တယ်‌ေနာ်။ ဒီမှာ သက်ရှိထင်ရှားကြီး ရှိနေတာကို မတွေ့တာလားဗျ"

ကျိဟွိုင်စစ်က "မင်းငါ့ကို စကားမပြောချင်ဘူးထင်လို့ မင်းကိုမခေါ်လိုက်တာပါ" ကျိဟွိုင်စစ်က ထပ်ပြောလာသည် "မင်းစိတ်မရှိရင် ငါတို့အတူတူသွားလို့ရပါတယ်"

ကျိဟွိုင်စစ်ရဲ့ သဘောထားက တည်ငြိမ်လွန်းနေတာမို့ ရှောက်ဟန်တစ်ယောက် အလွန်စိတ်မချမ်းသာစွာဖြင့် သူအံကြိတ်လိုက်ရုံကလွဲပြီး အဆုံးတွင် ဘာမှ မပြောခဲ့ပေ။ ကျန့်ချီ သက်ပြင်းတစ်ချက်ချကာ လှည့်ကြည့်လိုက်ပြီး တံခါးကိုပိတ်လိုက်သည်။ သူနောက်ပြန်ကြည့်ဖို့ အချိန်မရခင်မှာ တစ်ဖက်က ဝိန်ချွမ်ရဲ့ အခန်းကနေ သော့ဖွင့်သံတစ်ခုကြားလိုက်ရသည်။

ကျယ်ဝန်းလှတဲ့ စင်္ကြံက ခဏတာ တိတ်ဆိတ်သွား၏။ ဝိန်ချွမ်ရဲ့ပုံသဏ္ဍာန်ကလည်း အေးစက်သွားပြီး ခဏတာ အသံထွက်မလာပေ။ ကျန့်ချီ လေထုကို လေးလံမသွားစေချင်ပေမယ့်လည်း ရှင်းပြလိုက်ဖို့ကလည်း  မှန်ကန်ပုံမပေါ်ပေ။ အချိန်မှန်နေရာမှန် မဟုတ်တာကြောင့် နောက်ဆုံးမှာတော့ ပရမ်းပတာတွေကို နှိမ်နင်းပြီး ငြိမ်သက်ဟန်ဆောင်လိုက်ကာ ဝိန်ချွမ် ရဲ့ မှိန်းနေတဲ့မျက်လုံးတွေကို ကြည့်ပြီး "... တိုက်ဆိုင်မှုတစ်ခုပဲ။ အောက်ထပ်ကိုအတူတူသွားချင်လား?"

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now