Chapter 53

1.5K 250 22
                                    

Unicode;

အကိုကြီး

ကျန့်ချန်းချောင် တံခါးကိုဖွင့်လိုက်‌ေတာ့ တံခါးဝမှာ ရပ်နေတဲ့ ကျန့်ချီ ကို မြင်လိုက်ရာ သူ့ရဲ့မျက်နှာဝိုင်းဝိုင်းက ပြုံးသွားတယ်။ သူက သူ့လက်ကို အေပရွန် နဲ့ သုတ်လိုက်ပြီး ကျန့်ချီ သယ်လာတဲ့ ခရီးဆောင်အိတ်ကို ယူလိုက်ကာ"မင်းကို အခုပဲ လာကြိုချင်နေတာ၊ ဘာလို့ ရောက်နေတာကို မခေါ်လိုက်တာလဲ"

"အဖေက မီးဖိုချောင်ထဲမှာ ရှိ‌ေန ‌ေတာ့၊ ဖုန်းပြောဖို့ ဆိုတာက အဆင်မပြေဘူးလေ" ကျန့်ချီ သူ့အိမ်စီးဖိနပ်ကို ၀တ်လိုက်တာနှင့် ဆီနှင့် မီးခိုးငွေ့‌ေတ္ ရောစပ်နေတဲ့ စက်ပစ္စည်းရဲ့ ဆူညံသံကို လွန်စွာ ရင်းနှီးသွားသည်။

ချွမ်လင်းရဲ့အနောက်ဘက်မှာ လူနေအဆောက်အအုံဟာ တည်ရှိ‌ေနပါတယ်။ ဧည့်ခန်းက ထမင်းစားခန်းနှင့် ချိတ်ဆက်ထားပြီး မီးဖိုချောင်ကို‌ေတာ့ မှန်တံခါးဖြင့် ပိတ်ဆို့ထားပါတယ်။ အိပ်ခန်းနှစ်ခန်း တစ်ခုနှင့်တစ်ခု ကပ်လျက် ရှိ‌ေနပြီး လူတစ်ဦးသာ အသုံးပြုနိုင်မယ့် အိမ်သာတစ်ခုပဲ ရှိပါတယ်။ ချွမ်လင်းရဲ့ အိမ်စျေးနှုန်းက အရမ်း စျေးကြီးတာမို့လို့ စတိုးဆိုင်ကိုဝယ်‌စဉ်မှာ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ဤအိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနဲ့ အိမ်တစ်လုံးပါရှိတဲ့ အိမ်ကိုဝယ်ဖို့ ငွေစုထားရပါတယ်။ ဒါက သူတို့မိသားစုအတွက် အလွန်ကောင်းမွန်နေပြီဖြစ်တယ်။

ဆိုဖာကို ဇာစောင်များနဲ့ ဖုံးအုပ်ထားသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ တီဗွီနံရံရဲ့ မျက်နှာချင်းဆိုင်မှာ သူ့အလယ်တန်းကျောင်းတုန်းက ဆုတွေအပြင် ငယ်ငယ်တုန်းက He Yue ရဲ့ ဓာတ်ပုံနဲ့ ဖုံးအုပ်ထားတယ်။ ကျန့်ချီ ဖြတ်လျှောက်သွားတဲ့အခါ ဓာတ်ပုံဘောင်ရဲ့ထောင့်‌ေတွက ဖောက်ထွင်းနေပြီး စုပ်ပဲ့နေသည် ။ သူ ဒီအရာကို အစားထိုးဖို့ ပိုကောင်းတဲ့ ဓာတ်ပုံဘောင်တစ်ခုကို ဝယ်ရတော့မယ်ကျန့်ချန်းချောင် က မီးဖိုချောင်ထဲမှာ နောက်ဆုံးဟင်းပန်းကန်ကို စားပွဲပေါ်မှာ တင်လိုက်ပြီး သူ့ကို လက် မြန်မြန်ဆေးဖို့ လှမ်း‌ေခါ်လာတယ်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now