Chapter 85

1.4K 197 31
                                    

Unicode;

ကိုယ်ပိုင်အခွင့်အရေး

ခရီးတည်နေရာကို ဆုံးဖြတ်ပြီးသွားတဲ့အခါမှာ‌ေတာ့ ကျန်းရန်က သူ့ရဲ့ ဆုတောင်းက  သူ့အလိုလို မဖြစ်လာတဲ့အတွက် ငိုကြွေးမြည်တမ်းပြီး ကျန့်ချိ ဆီသို့ မက်ဆေ့ချ်ပို့လာခဲ့သည်။ ဖုန်းရဲ့အခြားတစ်ဖက်ရှိ ကျန့်ချီက အနည်းငယ် အပြစ်ရှိသလိုခံစားရတာကြောင့် ကျန်းရန်အား စကားအနည်းငယ်ဖြင့် နှစ်သိမ့်ခဲ့သည်။ အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်မှာတော့ ကျန်းရန်က သူ့ရဲ့ နဂိုက စိတ်ဓာတ်ကျ‌ေနမှုကို မေ့သွားကာ ဤခရီးစဉ်အတွက် သူ့ရဲ့မျှော်လင့်ချက်‌ေတွကို ဆက်လက်ပြောပြလာခဲ့သည်။

ကျန့်ချီမှာလည်း မျှော်လင့်ချက်အချို့ မလွှဲမရှောင်သာ ရှိသည်။ ယွင်ချန် နှင့် ချွမ်လင်း မှလွဲ၍ ကျန်မြို့ကို မရောက်ဖူးသေးပေ။ ဒီ ခရီးစဉ်အသေးစားကို ပြောမနေနဲ့တော့။ ခရီးမထွက်မီ တပတ်အကုန်တွင် ကျောင်းက တတိယနှစ် ကျောင်းသားအားလုံးကို အိမ်ပြန်ပြီး ခရီးဆောင်အိတ် ထုပ်ပိုး ခွင့်ပြုခဲ့ပြီး နောက်အပတ်မှာတော့ ပြင်ဆင်ဖို့ မလိုအပ်တော့ဘဲ သင်္ဘော‌ပေါ်တက်သွားရမှာဖြစ်သည်။ သတင်းထွက်လာပြီးနောက်တွင် အပျော်စီးသင်္ဘော‌အ‌ေပါ် သို့ စိတ်အားထက်သန်မှု လွှမ်းသွားကြသည်။ Saintston ရှိ ကျောင်းသားများက ယူနီဖောင်း‌ေတွကို ဘယ်လောက် မုန်းတီးလဲဆိုတာကို ကျန့်ချီ မသိခဲ့‌ေပ။ ဘာကြောင့်လဲဆိုတာ သူနားမလည်ပေ။ အနည်းဆုံး ဗီရိုထဲရှိ ယူနီဖောင်း‌ေတွထက် ပိုနူးညံ့တဲ့ ဒုတိယအဝတ်အစားကို သူ ရှာမတွေ့‌ေပ။

"ကုန်ကျစရိတ်အားလုံးကို ကျောင်းကပေးမှာလား"

"ဟုတ်တယ် ကျောင်းက အကုန်ပြင်ဆင်ပေးတာ"

အစပိုင်းမှာ ကျန့်ချန်းချောင်က ထိတ်လန့်ပြီး သူ့အပေါ်  သံသယဖြစ်ခဲ့သည်။ သူက ကျန့်ချီရဲ့ ခရီးဆောင်အိတ်‌ေတွကို ထုပ်ပိုးပြီး ကျောင်းရ‌ဲ့ ရက်ရောမှုကို ချီးကျူးခဲ့သည်။ ကျန့်ချီ အစက  သူ့ဘာသာသူ လုပ်ချင်‌ေပမယ့် သူ ကျန့်ချန်းချောင်ရဲ့  စိတ်အားထက်သန်မှုကို မခံနိုင်ပေ။ သူက ခရီးသွားမယ့်သူနဲ့မတူဘဲနဲ့ ကျန့်ချန်းချောင် နဲ့တူ‌ေနတယ်။။ တနင်္လာနေ့ နံနက်တွင် ကျန့်ချီနဲ့ ဝိန်ချွမ်က  ဆိပ်ကမ်းသို့ ကားဖြင့် အတူတူ ရောက်ရှိလာကြသည်။ ကျန့်ချီ ပင်လယ်နားမှာ ဆိုက်ကပ်ထားသတဲ့ behemoth ကို သူဘယ်လိုဖော်ပြရမလဲဆိုတာ မသိတော့ပေ။ အပျော်စီးသင်္ဘော အရွယ်အစားနဲ့ ပုရွက်ဆိတ်ကို နှိုင်းယှဉ်တယ်လို့တောင် ပြောလို့ရတယ် ဒါက ချဲ့ကားပြောဆိုတာတော့ မဟုတ်ပေ။ ကံကောင်းထောက်မစွာနဲ့ ကျန့်ချီရဲ့အမူအရာက  အံ့အားသင့်သွားတဲ့ အခြားအထူးဝင်ခွင့်ကျောင်းသား‌ေတွနှင့် နှိုင်းယှဉ်ရင်တော့ ကြီးကြီးမားမားမဟုတ်ကြောင်း ပြသနေပြီး အေးဆေးတည်ငြိမ်လို့နေသည်။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)Where stories live. Discover now