Chapter 77

1.3K 257 38
                                    

Unicode;

အေရးတႀကီးကိစၥ

ကျန့်ချီကိုသာ နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ရင် သူ ရှောက်ဟန်အပေါ် နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထားကို ဘယ်တော့မှ ပြသမိလိမ့်မှာ မဟုတ်ပေ။ သူ့ရဲ့ တိတ်ဆိတ်မှုက ရှောက်ဟန်ရဲ့ မောက်မာမှုကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ သူ့ကို လောင်ကျွမ်းစေခဲ့သည်။

အိပ်ဆောင်ကို ပြန်လာရာ လမ်းတွင် မရေမတွက်နိုင်တဲ့  အာရုံစူးစိုက်ထားသည့် မျက်လုံးတွေက ကျန့်ချီ ဘက်ကိုလှည့်ကြည့်နေကြပြီး သူတို့က စူးစမ်းလိုသည့်သ ‌ေဘာပဲဖြစ်စေ ရန်လိုသည့် သဘောပဲ သူတို့‌ေတွ အကုန်လံုးက ဒေါသ ‌ေတွဖြစ်နေကြသည် ။ကျန့်ချီ အဆောင် တံခါးကို ဘယ်လိုပိတ်လိုက် မှန်းမသိ‌ေတာ့ဘူး။ ရှုပ်ပွနေတဲ့ မက်ဆေ့ခ်ျတွေနဲ့ ပြည့်နေတဲ့ HS ကို ရင်ဆိုင်ရင်း ကျိဟွိုင်စစ် ထံမှ မက်ဆေ့ချ်က အောက်ခြေအထိ နစ်မြုပ်သွားခဲ့သည်။ ကျန့်ချီ ငြိမ်သက်သွားပြီး အဲဒါကို နှိပ်လိုက်တယ်။

ကျိဟွိုင်စစ် : မင်းအခု ဘယ်ရောက်နေနေ အိပ်ဆောင်ကို အရင်သွားလိုက်‌‌ေနာ်။ လောလောဆယ် တော့ အပြင်မထွက်ပါနဲ့။

ကျိဟွိုင်စစ်: သိပ်စိတ်မပူပါနဲ့ ကိုယ် ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်။

သူ့စိတ်ထဲရှိ စိတ်အနှောက်အယှက်ဖြစ်မှုက အနည်းငယ် လျော့ပါးသွားသည်။ ဒီစကား အနည်းငယ်က သူ သက်တောင့်သက်သာဖြစ်နိုင်တာကို ကျန့်ချီ သိထားသည်။ အံ့သြစရာဘဲ၊ လူတိုင်းက ဒီtrendကို မြင်ဖူးပြီး မမြင်ဖူးသေးတဲ့ သူတွေရှိရင်တောင်မှ သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေရဲ့ ဆွေးနွေးမှုတွေကနေ ဒီအချက်ကို မကြာခင် သိလာလိမ့်မယ်။ ကျိဟွိုင်စစ်က ရှောက်ဟန်ကို သူတင်ထားတဲ့ ပိုစ်ကို‌ ဖျက်ခိုင်းပြီး ဖိုရမ်ရှိ ပြောဆိုမှုတွေကို ထိန်းချုပ်ဖို့ တောင်းဆိုနိုင်သော်လည်း သူ လူတိုင်းရဲ့ မှတ်ဉာဏ်ကိုတော့ ဖျက်လို့‌ေတာ့မရပါဘူး။

လူတိုင်းက သူ့ကို မှတ်မိပြီး အခုတည်းက သူ့နာမည်ကို ရှောက်ဟန်နဲ့ ချိတ်ဆက်နေမိမှာပဲဖြစ်သည်။ ကျန့်ချီ  ဖိုရမ်က အရှုပ်အထွေး‌ေတွပိုဖြစ်လာမယ်ဆိုတာ သူယုံကြည်နေတာမို့  ကျိဟွိုင်စစ် ထံ စာပြန်ပို့ခဲ့သည်- ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။

အထက်တန်းစားယောင်္ကျားလေးများ ကျောင်း  Book II  (Myanmar Translation)حيث تعيش القصص. اكتشف الآن