Description

13.9K 439 2
                                    

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။

မူရင်းဇာတ်လမ်း - The Yandere Came During The Night

Genre - Comedy, Romance, Supernatural, Historical

အပိုင်းရေ - ၁၃၉ ပိုင်း။

မူရင်းရေးသားသူ - Feng Liu Shu Dai

ဇာတ်အညွှန်း

မိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စားမြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိတယ်။

ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန်တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကိုကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေးမှာ ဖြစ်တယ်။

နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက်သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက်လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။

မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်းလာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

မှတ်ချက်။ ။ အပိုင်း‌ ၃၀အထိ ရထားပြီးပါပြီရှင်။ စာစစ်ပြီးတာနဲ့ စတင်မှာ ဖြစ်ပြီးတော့ စတင်ပြီး တစ်ပတ်အတွင်း စရောင်းပေးမှာ ဖြစ်ပါတယ်။ တယ်လီမှာပဲ စရောင်းပေးမှာ ဖြစ်ပါတယ်။

#####

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now