Part 87

1K 164 2
                                    

87 01

TYCDTN

Chapter 87

ချန်မိသားစု ရှုံးနိမ့်သွားပြီး နောက်၃ရက်တွင် သူတို့ကိုယ်တိုင် စံအိမ်ကိုလာပြီး လက်ထပ်ပွဲကိုဖျက်ခဲ့ကာ ရိုးသားမှုအနေဖြင့် တင်းတောင်းသည့်ပစ္စည်းတွေပါ ပြန်ပေးခဲ့သည်။

မဒမ်အိုကြီးက ပျော်ရွှင်စွာ လက်ခံခဲ့ပြီး အတိတ်တွေကို ထပ်မပြောဖို့ပါ ပြတ်သားစွာ ပြောခဲ့သည်။

ယွီစံအိမ်က သူတို့ကို ခက်ခဲအောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိတာသိမှ ချန်သားအမိရဲ့ရင်ထဲက လေးလံမှုကြီး လျော့ကျခဲ့လေသည်။

လဝက်လောက် ကြာပြီးနောက် ကျီချန်၏အိမ်တွင် ဆန်းသစ်သည့် ပစ္စည်းအသစ်တွေ ရောက်ကြောင်း မဒမ်အိုကြီး သိလိုက်ကာ ထိုထဲမှာမှ လူ့ရဲ့ပုံစံကို အသေးစိတ်လေးကအစ ပြတ်သားစွာ မြင်ရသည့် တောက်ပသည့်မှန် ပါကြောင်း ကြားလိုက်ရသည်။

မြေးမလေး သေချာပေါက် ကြိုက်လိမ့်မည်ဟု ယူဆကာ သူ(မ)ကိုယ်တိုင် ရွေးလို့ရအောင် ခေါ်သွားခဲ့သည်။

ထိုစကားကို ယွီရှန်းကြားတော့ ဒါကပြဒါးမှန်မှန်း သူ(မ)သိသော်လည်း သဘောတူခဲ့သည်။ သူ(မ)ထွက်လာတော့ လင်ရှီတို့ သားအမိပါ လိုက်မည့်အကြောင်း တွေ့လိုက်ရတော့ ကောင်းမွန်နေသည့် စိတ်လေးက ချက်ချင်း ပျက်စီးသွားခဲ့လေသည်။

ရထားလှည်း၂စီးဖြင့် ကျီချန်အိမ်ကို ရောက်ခဲ့လေသည်။ တခြားမိသားစုက အမျိုးသမီးတွေကလည်း ထိုသတင်းကြားတော့ အပြေးအလွှား လာကြည့် ကြတာကြောင့် ဝင်ပေါက်တွင် ရထားလုံးတွေ များနေလေသည်။ ယွီစံအိမ်က မျိုးရိုးမြင့်ထဲမှာ အဆင့်၂ဖြစ်သော်လည်း ယွီဖင်ယန်က မြို့ထဲမှာ အာဏာအကြီးဆုံးလူ ဖြစ်သည်။ ဆိုင်ရှင်က သူတို့ကို လျစ်လျူမရှုရဲဘဲ လက်ထောက်တချို့ကိုလွှတ်ပြီး ဧည့်ခံခိုင်းခဲ့သည်။

အနောက်တိုင်းပိုးထည်၊ ဇာစများ၊ နာရီများ၊ သီးချင်းသေတ္တာများ၊ ပြဒါးမှန်များ စသည်များကို ဆိုင်၏ ထင်သာမြင်သာရှိသောနေရာတွင် ခင်းကျင်းပြထားခဲ့သည်။ ဆိုင်ကိုလာရောက်သည့်လူတိုင်းက ခြေလှမ်းသွက်သွက်ဖြင့် ရှေ့တိုးလာပြီး ထိကိုင်ကြလေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now