Part 62

1.5K 173 2
                                    

TYCDTN

Chapter 62

မောမောတွေအကုန် ဆင့်ခေါ်ခံရတော့ သူတို့တွေက အဆောင်ခြံထဲမှာ စုဝေးနေကြသည်။ ဘယ်သူ့အမိန့်မှမပါဘဲ သူတို့တွေက ရာထူးအဆင့်အလိုက် သပ်ရပ်စွာ တန်းစီထားကြသည်။ ယွီမောက်ချီက သူတို့ကို ကြည့်လိုက်တဲ့အချိန်မှာ သူတို့က ဦးစွာ သူတို့ရဲ့နာမည်နှင့် အလုပ်ကို တင်ပြခဲ့သည်။ သူတို့ရဲ့ အပြုအမူတွေက အလွန် ရိုသေကိုင်းရှိုင်းနေသည်။

ဒီလူတွေက သူတို့ရဲ့ခွန်အားကိုပြဖို့ ဟန်လုပ်နေသည်ဟု ယွီမောက်ချီက အစက ထင်လိုက်သည်။ ပြီးရင်တော့ ဒီအခွင့်အရေးကို အသုံးချကာ ပြဿနာရှာသည့် လူအနည်းစုကိုရွေးကာ ရှင်းထုတ်ပစ်ဖို့ ကြံထားလေသည်။ နောက်ပိုင်းတွင်တော့ သူ(မ)က မှူးမတ်စံအိမ်မှာ ခြေကုပ်မှုမြန်မြန်ရလိမ့်မည်။ သို့ပေမယ့် သူတို့တွေက ကောင်းကောင်း လေ့ကျင့်ပေးထားခံရကာ အလွန်စည်းစနစ် ကျနေလိမ့်မည်ဟု မထင်မိခဲ့ပေ။ ယွီရှန်းက သူ(မ) ဒုက္ခရောက်အောင် တိတ်တဆိတ် မပြောထားဘူးလား။

စည်းစနစ်ကျကာ ရိုသေကိုင်းရှိုင်းကြသည့် မောမောတာဝန်ခံတွေကို ကြည့်ကာ ပြီးခဲ့သည့် ကိစ္စရပ်ကို တွေးပြီးနောက် အချည်းအနှီး ဖြစ်သွားသလို ခံစားလိုက်ရသည်။ အားကုန်ထိုးလိုက်ပေမယ့် ဘယ်သူ့ကိုမှ မထိဘဲ လေကိုသာ ထိုးခဲ့မိပြီး ထိုးဖို့မွေးခဲ့ရသည့် သတ္တိတွေက မြေပေါ်သာ ပြုတ်ကျသွားခဲ့သည်။ ယွီမောက်ချီက လက်ဖက်ရည်တစ်ငုံ သောက်ကာ အသက်ပြင်းပြင်း ရှူပြီး တည်ငြိမ်အောင် ပြန်လုပ်နေရသည်။

လင်ရှီကတော့ များများစားစား တွေးမနေပေ။ သူ(မ)က 'ကျေးဇူးပြုပြီး ငါနဲ့ပူးပေါင်းပေးပါ၊ ငါက ရှေ့လျှောက်စံအိမ်ကို တာဝန်ခံမယ့်လူပဲ' ဟုသာ ပြောခဲ့သည်။ ထို့နောက် သမီးဖြစ်သူဖက် လှည့်ကာ စည်းမျဉ်းတွေ ပြောပြခိုင်းခဲ့သည်။

အခုအချိန်မှာ ယွီရှန်း ချမှတ်ခဲ့သည့် စည်းမျဉ်းတွေကို ပြောင်းဖို့ ယွီမောက်ချီက အလျင်မလိုဘဲ အချက်၂ချက်သာ ဖော်ပြခဲ့သည်။ ရှေ့လျှောက် စည်းမျဉ်းတွေကို စိတ်ထဲသိနေသ၍ လတိုင်း စည်းမျဉ်းတွေကို စစ်မေးခြင်း မရှိတော့ကြောင်းနှင့် ဒုတိယအနေနှင့် တံမြက်စည်းလှည်းခြင်း၊ ထင်းခွဲခြင်းနှင့် ရေဖြည့်ခြင်း စသည့် အလုပ်သမားတွေ များလွန်းတာကြောင့် အခုကစပြီး အဖွဲ့လိုက်စနစ်ကို ဖျက်သိမ်းကြောင်း စသည့်တာဝန်များကို မောမောတာဝန်ခံတွေ အသီးသီးဆီ လွှဲပေးကြောင်း ကြေငြာခဲ့ကာ သူတို့ကို ပြောစရာရှိလားဟု မေးခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now