Part 88

861 154 2
                                    

TYCDTN

Chapter 88

ယွီရှန်းရဲ့စကားအနည်းငယ်က ယွီမောက်ချီရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်လိုက်တာကြောင့် ဘေးကကြည့်ရှုသူတွ ယွီမောက်ချီကိုကြည့်သည့်စူးရှသည့်အမြင်တွေ အနည်းငယ်ပြောင်းသွားခဲ့သည်။ ယွီမောက်ချီက ရှက်ရွံ့စွာရပ်နေပြီး တုန်လှုပ်စွာ အိမ်ရှေ့စံမင်းသားကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက မည်းမှောင်နေလေသည်။

သို့ပေမယ့် ယွီရှန်းက သူ(မ)ကို အာရုံစိုက်မနေပေ။ အရူးမ ရှိသည့် ရှေ့ကိုတိုးလာပြီး ကြာပွတ်ဖြင့် မေးပင့်ကာ လေသံအေးအေးဖြင့် ညှိနှိုင်းလေသည်

"နင်ဘယ်သူလဲ၊ ငါ့ယွီမိသားစုနဲ့ ဘာရန်ငြိုးရန်စတွေရှိလို့လဲ"

ထိုအမျိုးသမီးက တံတွေးနှင့်ထွေးဖို့ ပြင်လိုက်ပေမယ့် ပါးအကြိမ်များစွာ ရိုက်ခံခဲ့ရကာ သွေးကြောင်းရာပင်ထင်ခဲ့လေသည်။ သူ(မ)ကိုသိသည့် မျိုးရိုးမြင့် အမျိုးသမီးတွေက ယွီရှန်းကြောင့် အသံလေးပင် မထွက်ရဲကြတော့ပေ။

"နင်ဘယ်သူလဲ၊ ပြောစမ်း မဟုတ်ရင် လျှာကိုဆွဲဖြတ်ပစ်မယ်"

ယွီရှန်းရဲ့အမူအရာက အလွန်ကြောက်ဖို့ကောင်းနေသည်။ အစေခံတွေကလည်း ထိုအမျိုးသမီးရဲ့လက်ကို အတင်းဆုပ်ကိုင်ထားတာကြောင့် အော်သံပင်ထွက်ခဲ့ရသည်။

"ပြောမယ် ပြောမယ်၊ ငါက ရွှီမောက်ရဲ့ဇနီး ကျုံးရှီ ပဲ"

ထိုအမျိုးသမီးက ဘာဆင်းရဲဒုက္ခမှ မခံနိုင်သည့် နူးညံ့သည့်မျိုးရိုးမြင့်အမျိုးသမီး တစ်ဦးဖြစ်သည်။ ယွီရှန်းရဲ့ နှိပ်ဆက်မှုအောက်မှာ သည်းမခံနိုင်ဘဲ ခဏနေတော့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

အပြင်လောကကို မတွေ့ဖူးသည့် အမျိုးသမီးလေးတွေက တုန်လှုပ်သည့်အမူအရာတွေပေါ်သွားပြီး မူလက ယွီရှန်းကို အထင်သေးနေသည့် အမြင်တွေက အခုတော့ ကြောက်ရွံ့မှုအဖြစ် ပြောင်းသွားခဲ့သည်။ မျိုးရိုးမြင့်အမျိုးသမီးတွေက သက်ပြင်းကြိတ်ချကာ တပ်မှူးကြီးယွီရဲ့ ညီမဆိုတဲ့အတိုင်း ရက်စက်ကြမ်းတမ်းပြီ ဒီကျုံးရှီက သူ့လက်ထဲမှာ သေချာပေါက် အဆုံးသတ်တော့မှာပဲ။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now