Part 38

2.1K 226 5
                                    

TYCDTN

Chapter 38

ယွီစီးယွီ့က ကြောက်လန့်နေပေမယ့် တင်စီးသလို ဟန်ဆောင်ကာ အပြစ်တင် အော်လေသည်။

"ယွီရှန်း နင်က ဒီခွေးတွေနဲ့ ပေါင်းပြီး ငါ့ကို ကြံစည်ရဲတယ်ပေါ့၊ နင်က တော်တော် ကြောက်ဖို့ကောင်းတာပဲ"

ချုံရှီက အထင်သေးစွာ နှုတ်ခမ်းမဲ့လေသည်။

ယွီရှန်းက မျက်ခုံးပင့်ကာ တခစ်ခစ်ရယ်ပြီး..

"ငါသာ နင့်ကို အန္တရာယ်ပေးချင်ရင် ခြံထဲက အစေခံတွေ အကုန်လုံးကို မောင်းထုတ်ပစ်ပါ့မလား၊ အခု ငါလုပ်ရမှာဆိုလို့ လက်ခုပ်လက်ဝါး တီးပြီး နင့်လို အရှက်မရှိတဲ့ မိန်းမကို အော်တာပဲရှိမှာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့ မိန်းမကို ဝါးခြံထဲ ထည့်ခတ်ထားရမှာ"

ထိုစကားကို ကြားတော့ ယွီစီးယွီ့က လန့်သွားကာ ဖန်းကျီ့ချန်ရဲ့ နောက်ကျောကို ဝင်ပုန်းခဲ့သည်။

ဖန်းကျီ့ချန်က ရွေးစရာ မရှိတော့ ရှေ့တိုးလာကာ လက်၂ဖက်ကို လက်သီးဆုပ် ပုံစံပြောင်းကာ ပူးကိုင်လျက် ကိုင်းညွှတ် အရိုအသေပေးပြီး ပြောလေသည်။

"သခင်မလေး နားလည်မှု လွဲနေပါပြီ၊ ကျွန်တော်နဲ့ မမကြီးဖြစ်သူနဲ့က ဘာကိစ္စမှ မရှိသလို အချင်းချင်း ချစ်ခြင်းမေတ္တာဖလှယ် ထားတာလဲ မရှိပါဘူး၊ စေ့စပ်ပွဲဖျက်ဖို့ ဆွေးနွေးနေတာပါ"

ထို့နောက် ရှက်သွေးဖြာနေသော မျက်နှာဖြင့် ဆက်ပြောလေသည်။

"ကျွန်တော် တကယ် သဘောကျတာက သခင်မလေးကိုပါ၊ အမေနဲ့လည်း ဆွေးနွေးပြီးထားပါ၊ မကြာခင် ယွီစံအိမ်တော်ကို အောင်သွယ်ပို့ပြီး လက်ထပ်ဖို့ ကမ်းလှမ်းပါ့မယ်၊ ဒါတွေက ကျွန်တော့်အတွေးတွေသာ ဖြစ်လို့ သခင်မလေးက ခွင့်လွှတ်ပေးပါ၊ မမကြီးကို ဘာခံစားချက်မှ မရှိဘဲ သူ့ကို သနားရုံ သနားတာပါ"

ယွီရှန်းက အောက်ပိုင်းသေကာ ဂုဏ်ငယ်တာကြောင့် သူ့လို အရည်အချင်းရှိ လူချောလေးက သူ(မ)ကို ချစ်ကျွမ်းဝင်နေတာ သိပါက နှလုံးသားလေ တုန်ယင်သွားမှာလို့ သူက ယုံကြည်နေသည်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲ ကျူးကျော်မိတာကို အပြစ်အယူ မခံရနိုင်ဘူးဟု ထင်လေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now