Part 85

1K 168 5
                                    

85 01

TYCDTN

Chapter 85

စာရင်းရှင်းသည့်နေ့ကစပြီး လင်ရှီက မဒမ်အိုကြီးကို ရန်မစရဲဘဲ ချန်မိသားစုက သားအမိ၂ယောက်ရဲ့ စကားကိုသာ ပြန်ပြောပြခဲ့သည်။ မဒမ်အိုကြီးက စေ့စပ်ပွဲကိုဖျက်ဖို့ လုပ်နေတာကြောင့် သူ(မ)လည်း လက်လျော့ခဲ့ရသည်။ မဒမ်အိုကြီးသာ သဘောထားကြီးပါက သူ(မ)အနေနှင့် ပူဆွေးဝမ်းနည်းမှုပွဲက ထွက်သည့်နေ့မှာ စေ့စပ်ပွဲ မဖျက်စေချင်ဘဲ လဝက်လောက်ကြာပြီးမှ ကိုင်တွယ်စေချင်ပြီး မိသားစု၂ခုကြားက ဆက်ဆံရေးကို ထိန်းထားချင်သည်။

သူတို့တွေက လက်ဆောင်တွေ ပြင်ဆင်ပြီးနောက် ကျင့်ကော်မြို့စားစံအိမ်ကို ရထားလုံးဖြင့် ရောက်ခဲ့ပြီး ကျင့်ကော်မြို့စားနှင့်သူ့ဇနီးက လူကိုယ်တိုင် နှုတ်ဆက်ကြိုဆိုခဲ့သည်။

ယွီရှန်းနှင့်ချန်ယာဖူက မတည့်သည့်လူတွေ ဖြစ်ကာ ချန်ယာဖူကိုတွေ့တော့ အထင်သေးဟန်ဖြင့် နှုတ်ဆက်လိုက်ပြီး ချန်ချီကို မြင်သည့်အချိန်တွင်တော့ ကြာပွတ်ကို ဆွဲကိုင်ထားကာ လူသတ်ချင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျင့်ကော်မြို့စားက ချန်ချီကို သူ့ရဲ့ဆက်ဆံသူအဖြစ် ဘွဲ့အပ်နှင်းပေးဖို့ ဧကရာဇ်ကို တောင်းဆို ထားပေမယ့် ဧကရာဇ်ရဲ့အမိန့်က ခွင့်မပြုသေးတာကြောင့် လက်တလော ချန်ချီတွင် ရာထူးမရှိပေ။ ချန်ယာဖူက မြို့စားမင်း၏ သမီးဖြစ်သော်လည်း အဆင့်၈မျိုးရိုးမြင့် မဟုတ်သလို မြို့မင်းသမီးဘွဲ့ အပ်ခံထားရတာလည်း မဟုတ်တာကြောင့် လက်ရှိ မျိုးရိုးမြင့် အမျိုးသမီးတွေထဲမှာ ယွီရှန်းရဲ့အဆင့်အတန်းက အမြင့်ဆုံးဖြစ်ပြီး သူ(မ)ရဲ့ လွှမ်းမိုးတတ်သည့်စိတ်ကို လူတိုင်းသိတာကြောင့် ဘယ်သူမှ သူ(မ)ကို ရန်မစရဲပေ။

ယွီရှန်းက အလွန်စိတ်ရွှင်နေသည်။ ဒီနေ့ နေသာတာကြောင့် ငါးစာအိတ်ယူကာ ဥယျာဥ်နောက်က ငါးကန်မှာ ငါးစာသွားကျွေးခဲ့ပြီး သန်မာသည့် အစေခံတွေ ရှိနေတာပြီး သူ(မ)ပတ်ဝန်းကျင်တွင် တခြားလူတွေကို လာလို့မရအောင် စောင့်ရှောက်နေကြသည်။ ချန်ယာဖူက သူ(မ)ကို စောင့်ကြည့်ဖို့ လူလွှတ်ထားခဲ့ပြီး ယွီရှန်းက အချိန်အကြာကြီး မလှုပ်ရှားတာတွေ့တော့ သူ(မ) နေလို့မကောင်းဘူးဟု ဆင်ခြေပေးကာ အရင်ထွက်သွားခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now