Part 43

1.8K 234 2
                                    

TYCDTN

Chapter 43

ရှန်မောက်ချီကို နေရာချပေးပြီးနောက် ယွီဖင်ယန်က ရွှဲအိမ်တော်ကိုသွားခဲ့သည်။

ရွှဲမိသားစုက လင်နန်မှာ ကျော်ကြားသည့် မိသားစုဖြစ်ပြီး တော်ဝင်ခုံရုံးမှာလည်း အဆင့်တစ်ခုရှိသည်။ သို့ပေမယ့်လည်း မျိုးဆက်သစ်တွေက မတော်တာကြောင့် မြန်မြန်ပဲ ဖယ်ရှားခံခဲ့ရသည်။ သို့ပေမယ့်သခင်အိုကြီး ရွှဲက အသက်ရှူပေါက်တစ်ခုကို တွေ့သွားခဲ့သည်။ အရည်အချင်းရှိကာ ဉာဏ်ပညာကြီးသည့် ရှန်ယွမ်ချီကိုတွေ့တော့ အလွန်သဘောကျသွားကာ ကျွန်စာချုပ် ဖျက်သိမ်းပြီး မွေးသားသားအဖြစ် စာရင်းသွင်းခဲ့သည်။

ရှန်ယွမ်ချီကလည်း သူ့ကို ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်းရှာခဲ့သည်။ ထိပ်တန်း စာသင်သားအဖြစ် ချီးမြှင့်ခံခဲ့ရတော့ သခင်အိုကြီးရွှဲရဲ့ မိသားစုကို မြို့တော်ကိုခေါ်ခဲ့ပြီး မိဘအရင်းတွေသဖွယ် အရိုအသေပေးခဲ့သည်။ သူနဲ့ရွှဲမိသားစုရဲ့ တရားဝင်သားကြီးနှင့်လည်း အလွန်တည့်ရှူကြသည်။

အစောပိုင်းတုန်းက ယွီဖင်ယန်ကို 'ငရဲဘုရင်အလှလေး'ဟု လူသိများကြပြီး မကြာသေးခင်နှစ်တုန်းက သူ့ရဲ့ လက်ရဲဇက်ရဲ အပြုအမူကြောင့် အလှလေးကို ဖြုတ်ကာ 'ငရဲရဲ့သက်ရှိဘုရင်'ဟု လူသိများခဲ့သည်။ သူ့ရဲ့ လက်ဖြင့် သတ်ဖြတ်ခဲ့သည့် သက်ရှိအရေအတွက်က ပိုများလာကာ သူ့တစ်ကိုယ်လုံး ရက်စက်သည့် သတ်ဖြတ်မှု အငွေ့အသက်တွေ ဖုံးလွှမ်းနေတာကြောင့် ဘယ်လောက်ပဲလှပါစေ သူများတွေကို ကြောက်လန့်စေခဲ့ခြင်းကြောင့် ဖြစ်သည်။

ရှုံးချွင်ဓားကို ကိုင်ကာ အပေါက်မှာ ရပ်နေသည့် ယွီဖင်ယန်ကို တွေ့တော့ သခင်အိုကြီးရွှဲက ခြေထောက်တွေ တုန်ယင်သွားကာ ချွေးတွေစို့လာပြီး စကားပင် သေချာမပြောနိုင်တော့ပေ။ မင်း.. ငါ ဟူသော စကားဖြင့်သာ ပတ်လည်ရိုက်နေတုန်း ရှန်ယွမ်ချီက အမြန်လေး လာရောက်ကူညီကာ ခက်ခဲနေသည့် အခြေအနေက ဆွဲထုတ်ခဲ့သည်။

"ဒီနိမ့်ကျတဲ့အရာရှိက တပ်မှူးကြီးယွီကို အရိုအသေပေးပါတယ်"

ရှန်ယွမ်ချီက လက်၂ဖက်ရှေ့ယှက်ကာ ခါးကိုင်း အရိုအသေ ပေးလိုက်သည်။ သူ့အမူအရာက မာနကြီးတာ၊ နိမ့်ချတာ၊ ကြောက်လန့်တာမျိုး မရှိပေ။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now