Part 41

1.8K 207 5
                                    

TYCDTN

Chapter 41

"မနေ့ညက ခင်ဗျားရဲ့သား ဘာလုပ်ခဲ့တာလဲ ထပ်ပြောစမ်း"

သူက စကားကို တစ်လုံးချင်း ပြောကာ ဓားအိမ်ကို လက်မဖြင့် ပွတ်သပ်ကာ သူ့အမူအရာက နူးညံ့ပေမယ့် သတ်ဖြတ်လိုစိတ်ပြည့်နေသည်။

ဖေရှီက လျှာလေးနေပုံရကာ ပါးစပ်ဟထားပေမယ့် အသံမထွက်ပေ။

ယွီဖင်ယန်က ဖန်းကျီ့ချန်ကို လှည့်ကြည့်လိုက်သည်။ သူ့လည်ပင်းသွေးကြောဆီ အကြည့်ရောက်သွားကာ ဟုတ်တယ်ဟု ပြောလိုက်ပါက သွေးဖြာကျကာ အသားတွေပြတ်ထွက်သွားနိုင်သည်။

ချွေးတွေ ချက်ချင်း ထွက်လာခဲ့သည်။ ဖန်းကျီ့ချန်က လည်ပင်းကို အုပ်ကာ အထစ်ထစ် အငေါ့ငေါ့ ပြောလေသည်။

"ကျွန်တော် ကျွန်တော်က မမကြီးနဲ့ သွားတွေ့တာပါ သခင်မလေးနဲ့ မဟုတ်ပါဘူး၊ အမေက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ၊ မမကြီးက တစ်ချိန်လုံး ထပ်ခါထပ်ခါ တောင်းဆိုနေလို့ သွားတွေ့ခဲ့ရတာပါ၊ တပ်မှူးကြီးယွီ ကျွန်တော့်အဖွားမျက်နှာကို ထောက်ထားပြီး အသက်ချမ်းသာပေးပါ"

ခြေထောက်တွေ တုန်ယင်နေကာ ဆက်မရပ်နိုင်တော့ပဲ ဒူးထောက် လဲကျတော့မလို ဖြစ်နေသည်။

မာမောမောကို ကြည့်လိုက်တော့ သူ ပြောတာ မှန်ကြောင်း ခေါင်းညိတ်ပြခဲ့သည်။

ယွီစီးယွီ့ ဦးနှောက်မရှိတာ ၁ရက်၂ရက် မဟုတ်ပေ။ ဘယ်သူနဲ့ ဆက်ဆံရပြီး ဘယ်သူနဲ့ မဆက်ဆံရဘူးလဲဆိုတာ မသိပေ။ အခုထိလည်း ဘယ်သူ့ကို လက်ထပ်သင့်လဲ ဘယ်သူ့ကို လက်မထပ်သင့်ဘူးလဲဆိုတာ မသိပေ။ ယွီဖင်ယန်က သူ(မ)ကို စိုးရိမ်နေဖို့ အချိန်မရှိပေ။ ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ထွက်သွားခဲ့သည်။ ဖေရှီရဲ့ သပုတ်လေလွင့် စကားကိုတော့ သခင်ကြီးဖန်းကနေ ရှင်းပစ်မည် ဖြစ်သည်။

သူ ထွက်သွားတာနှင့် သတ်ဖြတ်လိုစိတ် အငွေ့အသက်ကြီး ပျောက်သွားခဲ့သည်။ ထိုအခါမှ သားမိ၂ယောက် အသက်ရှင်ပြီဟု သက်ပြင်းချလိုက်ကြသည်။

"မဒမ်ဖန်းနဲ့သခင်လေးဖန်း အပြင်မှာ ရထားလုံး စောင့်နေတာကြာပါပြီ"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now