Part 46

1.5K 192 4
                                    

TYCDTN

Chapter 46

သားအမိ၂ယောက်ရဲ့ အဆက်မပြတ် ငိုနေတာကို မဒမ်အိုကြီး နာရီဝက်လောက် ကြည့်ပြီးနောက် ပြောလေသည်။

"ဒီနေ့က ပျော်ဖို့ကောင်းတဲ့နေ့ပဲ၊ ဘာလို့ငိုနေကြတာလဲ၊ ထိုင်ပြီး မျက်နှာသုတ်ဦး၊ ငါတို့မြေးဖွား၂ယောက် စကားပြောကြရအောင်"

ရှန်မောက်ချီက မျက်ရည်တွေ သုတ်ကာ လင်ရှီထိုင်ဖို့ ကူတွဲပေးလေသည်။ ထို့နောက် အဖွားနဲ့အမေဖြစ်သူကို လက်ဖက်ရည်ခွက် မကမ်းပေးခင် သင်ထားသည့် ကျင့်ဝတ်အတိုင်း ဒူးထောက်အရိုအသေပေးခဲ့သည်။

မဒမ်အိုကြီးက သဘောကျသွားကာ ခက်ထန်နေသည့် သူ(မ)ရဲ့ မျက်နှာက အနည်းငယ် နူးညံ့သွားခဲ့သည်။ သူ(မ)က လက်ဖက်ရည်ခွက်ကို လက်ခံကာ တစ်ငုံသောက်လိုက်ပြီး လက်ခါပြကာ ပြောလေသည်။

"ဒူးမထောက်နဲ့ ထတော့၊ ဒီရက်တွေထဲ ဘယ်လိုနေလဲ၊ လက်ကဒဏ်ရာပျောက်ပြီလား ကျင့်ဝတ်ထုံးတမ်းတွေ သင်ရတာကော ဘယ်လိုလဲ"

"ဟုတ်ကဲ့ ချင်းမောမောက ကျွန်မကို အလွန်ဂရုစိုက်ပါတယ်၊ ဒီမြေးမ အဆင်ပြေပါတယ်၊ ကောင်းကောင်းစားနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ်၊ အဖွားတို့ကိုတော့ အရမ်းလွမ်းနေတာ၊ လက်ကဒဏ်ရာတွေကတော့ အရှင်းပျောက်သွားပါပြီ အမာရွတ်နည်းနည်းတော့ ကျန်တာပေါ့"

သူ(မ)က စကားပြောရင်း အပြစ်ပေးခံရလို့ ကျန်သည့် လက်ကဒဏ်ရာတွေကို ဖုံးဖို့ကြိုးစားလိုက်သည်။

တောက်ပစွာပြုံး၍ ချင်းမောမောက ပြောလေသည်

"မဒမ်ကြီး သခင်မလေးက သင်ယူတာမြန်တယ်၊ ၆ရက်တည်းနဲ့ ဒီအစေခံ သင်ပေးစရာတောင် မရှိတော့ပါဘူး"

ထိုစကားကြားတော့ မဒမ်အိုကြီးက ခေါင်းအနည်းငယ်ညိတ်ပြခဲ့ပေမယ့် လင်ရှီက ရုတ်တရက်ထခုန်ကာ သမီးဖြစ်သူရဲ့လက်ကိုကိုင်ပြီး အလောတကြီး မေးလေသည်

"ဘယ်သူကနာကျင်အောင်လုပ်တာလဲ၊ အမေ့ကိုပြော အမေက သမီးအစ်ကို ကိုပြောပြီး တရားမျှတအောင် လုပ်ခိုင်းမယ်"

ယွီဖင်ယန် လုပ်ခဲ့တာပဲ မဟုတ်လား။ ဒါ့အပြင် အကျဉ်းချခံရတာကို ရှန်မောက်ချီ မပြောချင်ပေ။ သူ(မ)က မဒမ်အိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြကာ

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now