Part 70

1.2K 168 1
                                    

70 01

TYCDTN

Chapter 70

အစတုန်းက ယွီရှန်းက သခွားသီးကို အေးအေးဆေးဆေး စားနေသည်။ ထိုစကား ကြားပြီးနောက် သူ(မ)က ခဏလောက် ကြက်သေသေသွားကာ ပါးစပ်ကို အုပ်ကာ လှောင်ရယ်လေသည်။

"ဒီအပြစ်တွေ ငါ့အပေါ် ပုံချလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ နင်က ဒီကို ကိုယ့်သေလမ်းကိုယ် လာရှာတာလား"

သူ(မ)က မျက်မှောင်ကြုတ်ကာ သူ(မ)ရဲ့ လှပသည့် မျက်နှာက ချက်ချင်းပင် ခက်ထန်သည့် အမူအရာကို ပြောင်းသွားခဲ့သည်။ အစေခံမလေးက ချက်ချင်း ကြောက်သွားကာ လင်ရှီနောက်က ကျင်းမောမောကို တစ်ချက်ကြည့်ကာ ဆုံးဖြတ်ချက်ခိုင်မာစွာ ပြောလေသည်။

"သခင်မလေး ကျွန်တော်မျိုးမကို ဘယ်တော့မှ အလွတ်မပေးတာ သိလို့ မြို့တော်က ထွက်ပြေးခဲ့တာ၊ အခု အဖမ်းခံရပြီဆိုတော့ ရွေးချယ်စရာ မရှိတော့ဘူး ကိုယ့်ကံကြမ္မာကိုယ် လက်ခံရုံပေါ့၊ မဒမ်ကြီး ရှင့် တတိယသခင်မလေးက ကျွန်တော်မျိုးမကို စေခိုင်းခဲ့တာပါ၊ သူကိုယ်တိုင်က လက်မထပ်ရမှတော့ မမကြီးရဲ့ ဂုဏ်သတင်းကိုလည်း ပျက်စီးစေချင်ဘူး ဘယ်တော့မှ မပျော်ရွှင်တော့အောင် လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်၊ သူက ကျွန်တော်မျိုးမကို ငွေဒင်္ဂါး၁၀၀ပေးခဲ့လို့ မမကြီးရဲ့ ပစ္စည်းကို ခိုးပေးခဲ့တာပါ"

ထိုသို့ပြောပြီးနောက် သူ(မ)က ယွီစီးယွီ့ဘက်ကို လှည့်ကာ အရိုအသေပေးလျက်

"မမကြီးက ကျွန်တော်မျိုးမကို ကောင်းကောင်းဆက်ဆံခဲ့ပေမယ့် ကျွန်တော်မျိုးမက မမကြီးအပေါ် မကောင်းကြံခဲ့မိပါတယ်၊ ဒီအစေခံက တောင်းပန်ပြီးမှပဲ သေနိုင်ပါမယ်"

သူ(မ)က စကားမပြောပြီးသေးခင်မှာပဲ အရှေ့က တိုင်လုံးနှင့် ခေါင်းကိုစောင့်ကာ ကိုယ့်သေလမ်းကိုယ် ရှာခဲ့သည်။

အဆောင်ထဲက တာဝန်နဲ့မသက်ဆိုင်သည့် အစေခံတွေကို ယွီဖင်ယန်က အကုန်ထွက်သွား ခိုင်းထားသည်။ ယုံကြည်ရသည့် မောမောတချို့သာ သိပ်မဝေးသည့် နေရာမှာရပ်နေကြပြီး ဘယ်သူမှ သူ(မ)ကို မတားခဲ့ပေ။

ဗိုင်းကနဲ လဲကျသံကြီး ပြီးနောက် အလောင်းတစ်လောင်းရှိနေကာ တံခါးနားတွင် သွေးအိုင်ကြီး ရှိနေပြီး ညှီစို့စို့သွေးနံ့က လေထဲတွင် ပျံ့နှံ့နေသည်။ သူ(မ)ရဲ့ ဝန်ခံချက်က မထင်မှတ်ထားသည့်အရာ ဖြစ်နေကာ အပြုအမူတွေက မြန်ဆန်နေတာကြောင့် မဒမ်အိုကြီးနှင့် ယွီစီးယွီ့က ဆွံ့အနေကြသည်။ တစ်စုံတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်မှ သွေးတွေ စီးကျနေတာကို တွေ့လိုက်ရလေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now