Part 60

1.4K 207 2
                                    

60 01

TYCDTD

Chapter 60

ယွီဖင်ယန်က ယွီရှန်းရဲ့ ဆံပင်လေးတွေကို တယုတယ ပွတ်သပ်ပေးပြီး ခေါင်းငုံ့ကာ စကားတစ်လုံးမှ မပြောနိုင်သည့် လင်ရှီကို အေးစက်စွာကြည့်လိုက်သည်။ သူက နဂိုကတည်းက ကြမ်းတမ်းကာ အေးစက်သည့်နှလုံးသား ရှိတာကြောင့် စိတ်ထဲမထားပေ။ သူက လင်ရှီရင်ထဲက သူ့နေရာကို သိချင်ရုံသာ စမ်းသပ်ခဲ့တာဖြစ်ပြီး ထင်သည့်အတိုင်း လင်ရှီက သူ့ကို အကြိမ်တိုင်း မရွေးချယ်ဘဲ ပစ်ပယ်ခဲ့သည်။

အခန်းထဲမှာ ရပ်နေသည့် ကျင်းမောမောက အယ်အိုးပူပေါ်မှာ လမ်းလျှောက်နေရသည့် ပုရွက်ဆိတ်လို ဂနာမငြိမ်ဖြစ်နေကာ မှူးမတ်ကြီးရဲ့ မျက်လုံးထဲမှာ မြူတွေ ဆိုင်းသွားတာကို တွေ့လိုက်လေသည်။ သူ(မ) ပြေးသွားပြီး လင်ရှီ ခေါင်းငြိမ့် သဘောတူအောင် ခေါင်းကိုသာ သွားပြေးကိုင်ကာ လုပ်ပေးလိုက်ချင်သည်။ မှူးမတ်ကြီးရဲ့ စိတ်နှလုံးထက် ပစ္စည်းတွေက ပိုအရေးကြီးနေတာလား။ မှူးမတ်ကြီးရဲ့ ကာကွယ်မှု မရှိရင် အနာဂတ်မှာ ဘာမှရနိုင်မှာ မဟုတ်ဘူး။ သခင်မကြီးက တကယ်ကို စဥ်းစားဆင်ခြင်ဉာဏ် မရှိတာပဲ။

လင်ရှီက ယွီဖင်ယန်ကို မခွဲပေးချင်လို့ မဟုတ်ဘဲ ယွီရှန်းနှင့်ယွီစီးယွီ့ကို မခွဲပေးချင်ခြင်းသာ ဖြစ်တာကြောင့် မဒမ်အိုကြီးကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

မဒမ်အိုကြီး ဘာမှမပြောရသေးခင်မှာပဲ ယွီဖင်ယန်က ကြမ်းတမ်းစွာ ရယ်ကာ

"အဖွား မလိုဘူး၊ သူ့ပစ္စည်းတွေ မယူရဲပါဘူးဗျာ နောက်ကျရင် အပြစ်တင် ခံနေရပါဦးမယ်"

ယွီရှန်းက ဆန့်ကျင်စွာ ပြောလေသည်။

"မဖြစ်နိုင်တာ၊ ဒါအစ်ကိုကြီး ရသင့်တာပဲလေ၊ ယွီမောက်ချီ တစ်ယောက်တည်းပဲ ဘယ်လိုလုပ် အကျိုးအမြတ်ရ.. "

သူ(မ)ရဲ့ နူးညံ့သည့် ပါးလေးကိုဖျစ်ကာ ယွီဖင်ယန်က ပြုံးလျက်ပြောလေသည်

"ရတယ် ရှန်းအာ၊ သူတို့နဲ့ အငြင်းပွားနေစရာ မလိုဘူး၊ မင်းအတွက် အစ်ကိုကြီး မလုပ်ပေးနိုင်တာ ဘာရှိလဲ၊ အရှေ့တရုတ်ပင်လယ်က သန္တာပုလဲတွေဖြစ်ဖြစ်၊ အနောက်ဖက်က ရတနာတွေပဲဖြစ်ဖြစ် ဒီကမ္ဘာမှာရှိသမျှ အကုန်လုံးကို ဒီအစ်ကိုက လက်၂ဖက်နဲ့ မင်းအတွက်ရအောင်ယူပေးနိုင်တယ်၊ ဒီပစ္စည်းသေးသေးလေးတွေနဲ့ သူ နေသွားရမှာထက်စာရင် ပိုမကောင်းဘူးလား"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now