Part 30

2K 237 0
                                    

TYCDTN

Chapter 30

ယွီစီးယွီ့က မဒမ်အိုကြီးအတွက် ဗုဒ္ဓကျမ်းစာ စာအုပ်ကို ပြင်ဆင်ပေးနေတုန်း အစေခံလေး ၂ယောက်ပြောနေတာကို ကြားလိုက်သည်။

"ဒီနေ့ စံအိမ်ကို လာလည်တဲ့ ဧည့်သည်၂ယောက်ကိုတွေ့လား သူတို့အဝတ်အစားတွေက ဝတ်ကောင်းစားလှတွေချည်းပဲ"

"သူက မဒမ်အိုကြီးရဲ့ သူငယ်ချင်းရဲ့သမီးတဲ့၊ သူ့ခင်ပွန်းရဲ့မိသားစုက ဆားသယ်ယူပို့ဆောင်ရေးရဲ့တမန် စီးယွင်ထုံတဲ့၊ သူက သူ့သား နန်းတော်မှာ စာမေးပွဲဖြေဖို့ လိုက်လာပေးတာတဲ့လေ"

"အရမ်းတော်တာလား"

"ဒါပေါ့ ထိပ်ဆုံး၁၀ယောက်ထဲမှာ ပါတယ်တဲ့၊ မဟုတ်ရင် ဘာလို့ စာမေးပွဲဖြေဖို့ မြို့တော်မှာ စောင့်နေမှာလဲ၊ မှူးမတ်ကြီးက ဘုရင်ကြီးရဲ့ မျက်နှာသာပေးခံရတဲ့လူပဲလေ၊ မှူးမတ်စံအိမ်မှာ နေထိုင်နိုင်တဲ့ သူ့အဆင့်အတန်းကို တခြားလူတွေမြင်ရင် သူ့မိသားစုရဲ့ဆက်ဆံရေးနဲ့ အာဏာကို လူတိုင်း ရှင်းရှင်းလေး သိနိုင်တာပဲ"

"ဒါကို သူက အခွင့်ကောင်းယူဖို့ ဒီမှာနေတာပေါ့၊ သူတို့ မှူးမတ်ကြီးကို အကူအညီတောင်းလောက်တယ်"

"ဘာတွေပြောနေတာလဲ၊ သူတို့က ကြွယ်ဝချမ်းသာတဲ့ အရာရှိတွေပဲ၊ ဆားသယ်ယူပို့ဆောင်းရေးတမန်က ဟန်မင်းဆက်မှာ အကြော်ကြားဆုံးအလုပ်ပဲ၊ မိသားစု ပိုင်ဆိုင်မှုဆိုရင်လည်း မှူးမတ်စံအိမ်တော်ကြီး ၂ခုပေါင်းတောင် သူတို့ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်လောက်တောင် မညီမျှဘူး၊ ပြီးတော့ သူ့သားက အရမ်းချောတာနော်၊ တောက်ပတဲ့ အနာဂတ်ရှိပြီး ရည်မွန်မှုကလည်း မှူးမတ်ကြီးထက် မနိမ့်ပါဘူး"

"ကောင်မရယ် ညည်းက သိလှချည်လား"

"ငါအရှေ့ခြံက ဖြတ်သွားတုန်းက ခြံထဲက ကန်ရှေ့မှာ မှူးမတ်ကြီးနဲ့ သောက်နေတာကို တွေ့လိုက်တာ၊ သူ့အပြုအမူတိုင်းက စတိုင်ကျချက်ပဲ"

ထိုအကြောင်းပြောပြီး အစေခံလေး၂ယောက်က တခစ်ခစ်ရယ်လေသည်။

ယွီစီးယွီ့က သတိမမူမိဘဲ နားထောင်နေမိခဲ့သည်။ ထိုအချိန်မှာပဲ မဒမ်အိုကြီးရဲ့ အစေခံခေါင်းဆောင် ဝမ်ချုံက ရောက်လာပြီး လိုက်ကာကို ပင့်မကာ

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now