Part 18

2K 247 0
                                    

Unicode

TYCDTN

Chapter 18

ချုံးအာက လူတွေအများကြီး စင်ပေါ်တက်နေတာကို ကြည့်နေသည်။ ယွီရှန်းရဲ့ အင်္ကျီလက်ကိုဆွဲကာ ချုံးအာက မေးလေသည်

“မမရဲ့အစ်ကိုကြီးက ဘယ်မှာလဲ သူ့ကိုဒီကို ခေါ်လာလို့ရလား”

အစ်ကိုကြီးရောက်လာပါက ခက်ခဲမှုတွေအကုန် အဆင်ပြေသွားမည်ဖြစ်သည်။

ယွီဖင်ယန်က အကွာအဝေးတစ်ခုမှာ ရှိနေတာမလို့ ယွီရှန်းက မသိပေ။ ဝရန်တာနားကထွက်လာပြီးအနားကပ်လာတော့ ယွီရှန်းက အာရုံခံမိသွားခဲ့သည်။ သူက အရိပ်ထဲကနေ တစ်ချိန်လုံးစောင့်ကြည့်နေတာကို သူ(မ)သိသည်။

“အစ်ကိုကြီး ဘယ်မှာရှိလဲဆိုတာတော့ ငါမသိဘူး၊ ဒါပေမဲ့ ၃အထိရေပြီးရင် သူပေါ်လာလိမ့်မယ်၊ စောင့်ကြည့်ထားလိုက်”

ယွီရှန်းက တိတ်တခိုးပြုံးလိုက်လေသည်။

“သူ ကိုယ်တော်တို့ကို ရှာတွေ့သွားတာလား”

အိမ်ရှေ့စံက အလွန်အံ့အားသင့်နေလေသည်။

ယွီဖင်ယန်က ခေါင်းညိတ်ပြပြီး ပြုံးကာ ပုန်းခိုနေသည့်နေရာကနေထွက်လိုက်သည်။ တီးတိုးလေး ၂အထိရေတွက်နေသည့် ကလေးမလေးဆီကို ခြေလှမ်းကျဲများဖြင့် သွားလိုက်လေသည်။

“ချစ်ရတဲ့ အစ်ကိုကြီး နောက်ဆုံးတော့ရောက်လာပြီ”

ယွီရှန်းက လက်၂ဖက်ကို ဆန့်တန်းပေးလေသည်။

ယွီဖင်ယန်က ငုံ့ကိုင်းပေးပြီး ယွီရှန်းကို သူ့လည်ပင်းကို ဖက်ခွင့်ပေးခဲ့လေသည်။ ပုံမှန်ဆိုရင် တည်တင်းနေသည့်မျက်နှာထက်တွင် အခုတော့ နူးညံ့သည့်အပြုံးလေး ဆင်မြန်းထားလေသည်။ ယွီဖင်ယန်က အသက်အပြင်းပြင်းရှိုက်လိုက်ကာ ယွီရှန်း၏ ကိုယ်သင်းနံ့လေးက သူ့ကို စိတ်သက်သာရာရစေသည်။

ချုံးအာလေးက အစေခံအိုကြီးရဲ့ အနောက်ကို ဝင်ပုန်းလိုက်လေသည်။ သူ(မ)က ခေါင်းလေးဆန့်ထုတ်ကာ ကြာပန်းစေ့ကိတ်လေးရဲ့အစ်ကို ကိုကြည့်ပြီး စိတ်ထဲကတွေးလေသည် ဒီလူကြီးက ကြာပန်းစေ့ကိတ်လေးနဲ့မတူဘဲ ကြောက်ဖို့ကောင်းတယ်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now