Part 50

1.7K 221 2
                                    

50 01

TYCDTN

Chapter 50

သူတို့၂ယောက်လုံး အခန်းထဲဝင်သွားတော့ ချုံးရှီက အခန်းနံရံအနောက်နားသွားကာ နားကပ်ကာ ခိုးနားထောင်နေသည်။

ယွီမောက်ချီ မသိသလိုဟန်ဆောင်နေတော့ ယွီစီးယွီ့က တခစ်ခစ်ရယ်ကာ လက်ကိုင်ပဝါဖြင့် ပါးစပ်ကိုအုပ်ပြီး ပြောလေသည်။

"ညီမလေး တုံးချင်ယောင်ဆောင် နေစရာ မလိုပါဘူး၊ ငါနင့်အကြောင်း သိခဲ့တာကြာလှပေါ့ ပြီးတော့ နင်ပြန်လာမှာကို နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာ၊ နင်က အဲမိသားစုဆီ ရောက်သွားပြီး ဘယ်လောက်တောင် ခက်ခဲခဲ့မလဲ မသိပါဘူး အစ်မကြီးကို ပြောပါဦး"

ယွီစီးယွီ့က ယွီမောက်ချီရဲ့ ကြမ်းတမ်းကာ ဒဏ်ရာတွေ ရှိသည့်လက်ကို ကိုင်ကာ နူးညံ့စွာပွတ်ပေးခဲ့သည်။

ယွီမောက်ချီက အားအနည်းငယ်ထည့်ကာ လက်ပြန်ဆွဲယူပြီး အတင်းပြုံးကာ ပြောလေသည်။

"အစ်မကြီး ဘာတွေပြောနေတာလဲ၊ ကျွန်မက စွေယွဲ့သီလရှင်ကျောင်းမှာ နေထိုင်ခဲ့ရတာမလို့ တခြားမိသားစုဝင် မရှိပါဘူး၊ အမေနဲ့မတွေ့ရတာ ကြာပြီဆိုတော့ အရမ်းလွမ်းနေလို့ အခု အဖော်သွားပြုပေးလိုက်ဦးမယ်၊ နောက်မှ အချိန်ရှိရင် အစ်မဆီ လာခဲ့ပါ့မယ်"

သူ(မ)က စကားပြောပြီးသည်နှင့် ယွီစီးယွီ့က ဆက်နေဖို့ပြောသည့်စကားတွေကို လျစ်လျူရှုကာ အမြန်ထွက်သွားခဲ့သည်။

သူ(မ)ထွက်သွားမှ ချုံးရှီက နံရံနောက်က ထွက်လာပြီး တံခါးဖွင့်ဝင်ကာ ဆုံးမပြောဆိုလေသည်။

"မမကြီးက တကယ်ကို တုံးအတာပဲ၊ ဒီလျို့ဝှက်ချက်ကို သိနေရင်ရပြီပေါ့ ဘာလို့သူ့ရှေ့မှာ ထုတ်ပြောနေတာလဲ၊ မမကြီးကို သူစိတ်ထဲမထားမှာ ကြောက်နေတာလား၊ ဒီကိစ္စတွေပြီးရင် လက်ထပ်ရတော့မှာကို ပြဿနာ ရှာမနေပါနဲ့တော့"

"ခွေးမ ထပ်ခိုးနားထောင်ပြန်ပြီ၊ သိပ်မကြာခင် ကောင်းကင်ဘုံက နင့်ကို ဆုံးမတဲ့အနေနဲ့ မိုးကြိုးပစ်ချလိမ့်မယ်၊ နင်အဲလောက် တတ်နိုင်နေရင် ယွီရှန်းရှေ့သွားပြီး သူ့ရဲ့မျိုးရိုးကို သွားဖော်ထုတ်လိုက်လေ၊ နင်လုပ်ရဲရင် ငါ ငွေ၅၀၀ပေးမယ်"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now