Part 53

1.4K 198 3
                                    

TYCDTN

Chapter 53

သားအမိ၂ယောက်ရောက်သည့်အချိန်မှာ မဒမ်အိုကြီးက မနက်ခင်း ဝတ်ပြုရှိခိုးနေသည်။ လင်ရှီသာ သတိရှိပါက လွန်ခဲ့သည့်၁၄နှစ်က မဒမ်အိုကြီးရဲ့ တိုးတက်မှုအကျင့်ကို သိလိမ့်မည်ဖြစ်သည်။ သို့ပေမယ့် လင်ရှီက သတိမရှိတာကြောင့် သမီးဖြစ်သူကို ဘေးခန်းမကိုခေါ်သွားကာ ထိုင်စောင့်စေခဲ့သည်။ လက်ဖက်ရည်၂အိုးကျက်လောက်သည့် အချိန်တွင် မာမောမောရဲ့ အကူအညီဖြင့်ထွက်လာသည့် မဒမ်အိုကြီးကိုတွေ့လိုက်သည်။

"၁၄နှစ်ကြာပြီးမှ ဒါပထမဆုံးအကြိမ် အရိုအသေလာပေးတာမလား၊ လာခဲတယ်လေ"

မဒမ်အိုကြီးက ညောင်စောင်းမှာဝင်ထိုင်ကာ လင်ရှီကိုမကြည့်ဘဲ လက်ဖက်ရည်တစ်ငုံသောက်လေသည်။

၁၄နှစ်အတွင်း ပထမဆုံး အရိုအသေလာပေးတာ။ ၁၄နှစ်လုံးအမေက ဘာလုပ်နေတာလဲ။ အံ့သြစွာဖြင့် ယွီမောက်ချီက လင်ရှီကို တစ်ချက်ကြည့်လိုက်သည်။ ချွေးမနှင့်ယောက္ခမကြားက ဆက်ဆံရေးက ဘာလို့ ဒီလောက် ခပ်တန်းတန်း ဖြစ်နေလဲဆိုတာ အခုမှ သဘောပေါက်ခဲ့သည်။

လင်ရှီက ကသိကအောက် သွားလေသည်။ လင်ရှီက ဦးနှောက်ကို အလုပ်ပေးကာ ယောက္ခမရဲ့ အကူအညီရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ တွေးနေတုန်း မနက်ခင်းမြူတွေ ကြားကနေ ယွီစီးယွီ့ရောက်လာခဲ့သည်။ လင်ရှီ ရောက်နေတာကို သူ(မ)တွေ့တော့ အံ့သြသွားပြီး ချက်ချင်းဒူးထောက် အရိုအသေပေးခဲ့သည်။

ထိုအရာက လင်ရှီကို ကသိကအောက် အခြေအနေက လျော့အောင် အခွင့်အရေးပေးတာ ဖြစ်တာကြောင့် သူ(မ)က ကိုယ်လုပ်တော်သမီးကို အရင်က အဖက်မလုပ်ပေမယ့် အခုတော့ မတ်တပ်ရပ်ရအောင်လို့ လူကိုယ်တိုင်ပင် ထူပေးလိုက်သေးသည်။

မဒမ်အိုကြီးက လူတိုင်းကို ထိုင်ခိုင်းလိုက်ပြီး ယွီမောက်ချီရဲ့ခါးကိုကြည့်ကာ ပြောလေသည်။

"ဘာလို့ ကာကွယ်ရေးအဆောင် မဝတ်ထားတာလဲ၊ မကောင်းတဲ့ဘေးဆိုးအန္တရာယ်က လွတ်မြောက်အောင်လို့ ကျော်ကြားတဲ့ ဘုန်းတော်ကြီးတွေ ရွတ်ဖတ် ပူဇော်ပေးခဲ့တဲ့အဆောင်ပဲ"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now