Part 57

1.3K 184 2
                                    

TYCDTN

Chapter 57

လင်ရှီက ယွီရှန်း ဒီလောက်ထိ လွယ်လွယ် လက်ခံလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူတို့ စကားမပြောပြီးခင်ကတည်းက ခြံထဲတွင် သေတ္တာကြီး၃လုံး ရှိနေပြီ ဖြစ်သည်။ သေတ္တာရဲ့အဖုံးပေါ်မှာ စာရွက်တွေ ကပ်ထားပြီး သေတ္တာ၂လုံးက အိမ်တော်ရဲ့ဘဏ္ဍာရေး စာရင်းစာအုပ်တွေဖြစ်ပြီး တစ်လုံးက ဒီနှစ်တွေထဲ လင်ရှီရဲ့ပစ္စည်းတွေ ဖြစ်သည်။

ထိုစာရွက်ကိုမြင်တော့ ယွီမောက်ချီရဲ့ မျက်လုံးတွေ မည်းသွားကာ မေးလေသည်။

"အမေ့ရဲ့ပစ္စည်းတွေလည်း သူပဲစီမံတာလား"

လွန်ခဲ့တဲ့၄နှစ်က အမှန်တရားကို မသိလို့လား ဘယ်လိုတောင် ယွီရှန်းကို လွတ်လပ်ခဲ့ပေးထားတာလဲ။

ထိုစကားကြားတော့ လင်ရှီက ရှက်သွားကာ သေတ္တာတွေကို လူဖြင့် အခန်းထဲ ရွှေ့ခိုင်းလိုက်ပြီးနောက် ပြောလေသည်။

"အစတုန်းက အမေ့ရဲ့ခင်ပွန်းသေဆုံးတာနဲ့ ပတ်သက်ပြီး ပူဆွေးနေတာကြောင့် နာကျင်မှုကနေ ရုန်းမထွက်နိုင်ခဲ့ဘူး၊ ဒါကြောင့် စံအိမ်ရဲ့တာဝန်တွေကိုလည်း ပစ်ထားပြီး အမေ့ရဲ့ ပစ္စည်းတွေကိုလည်း အဖွားကိုပဲ စီမံခိုင်းလိုက်တာ၊ အမေ သတိမထားမိခင်မှာ အဖွားက ခြံနဲ့ဆိုင်တွေကိုလည်း သူ့ကို လွှဲပေးလိုက်တာဖြစ်မယ်"

ထိုရှင်းပြချက်ကို ကြားပြီးတာတောင် ယွီမောက်ချီက မကျေနပ်နိုင်သေးဘဲ အထွန့်တက်လေသည်။

"လွန်ခဲ့တဲ့၄နှစ်ကတည်းက အဖွားက သူ့ရဲ့မျိုးရိုးကို သိနေတာတောင် အမေ့ပစ္စည်းတွေကိုပါ အကုန်လွှဲပေးနိုင်တယ် ဆိုတော့ သူ့ကို အရမ်းယုံပြီး ချစ်နေတယ်ထင်တယ်၊ သမီးကိုကျတော့ အဖတ်တောင် လုပ်ပြီး စိတ်ထဲထားတာ မဟုတ်ဘူး"

လင်ရှီက သူ(မ)ကို အမြန်ဖက်ကာ နှစ်သိမ့်ပေးလေသည်။

"သမီးလေး အရမ်းမတွေးနဲ့၊ ဒါတွေက အရင်တုန်းက သမီးအိမ်မှာ မရှိလို့ဖြစ်တာမလား၊ အဖွားက အသက်ကြီးပြီး အဖော်ပြုပေးတဲ့လူလိုတော့ ယွီရှန်းက အခွင့်ရသွားတာ၊ အခုသွေးသားတော်စပ်တဲ့လူ ပြန်ရောက်ပြီဆိုတော့ ရှေ့လျှောက် သူ့ကို အချိန်ပေးပြီး အဖော်ပြုပေး၊ အပြင်လူနဲ့ နီးကပ်ပြီး မိသားစုနဲ့ ဝေးနေစရာ အကြောင်းမရှိဘူး"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now