Part 27

2K 231 0
                                    

TYCDTN

Chapter 27

မျိုးရိုးမြင့်က မဒမ်ကြီးတွေက အပြင်မှာရပ်ကာ လည်ပင်းတွေဆန့်ပြီး စပ်စုနေကြသည်။ မဒမ်အိုကြီးထွက်လာတော့ သူတို့တွေက မဒမ်အိုကြီးဆီ ဝိုင်းအုံနေကြသည်။

အိမ်ရှေ့စံမင်းသမီးက မဒမ်အိုကြီးကို သူ(မ)ဘေးက ခုံမှာထိုင်ခိုင်းပြီး ယွီရှန်းအတွက် မုန့်တွေပြင်ခိုင်းလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလေသည်

"မဒမ်ကြီး ဘုန်းတော်ကြီး ခူဟိုင်ဆီကနေ ကျေနပ်တဲ့အဖြေရခဲ့လား"

မဒမ်အိုကြီး မေးခဲ့သည့် မေးခွန်းတွေကိုတော့ သူ(မ) စပ်စုလိုစိတ်မရှိပေ။ သူ(မ)က မင်းမျိုးမင်းနွယ်မိသားစုကဖြစ်ကာ ဤကဲ့သို့ ပျိုးထောင်ခံခဲ့ရသည်။

မဒမ်အိုကြီးကပြုံးကာ

"ကျေနပ်ပါတယ် အရမ်းကျေနပ်ရပါတယ်၊ ဒီအချိန်အနေမှာ တခြားဘာမေးခွန်းမှ လျှောက်မမေးရဲလို့ ယန်အာရဲ့ ဘေးကင်းလုံခြုံရေးကို မေးခဲ့တာ၊ သေဘေးကနေ ကပ်သီလေးလွတ်ခဲ့ပြီး ဘေးကင်းစွာနဲ့အိမ်ပြန်ရောက်မယ်လို့ ပြောပါတယ်"

ယွီဖင်ယန်က စစ်ပွဲမှာ ကံကောင်းတာက အိမ်ရှေ့စံရဲ့စွမ်းအားတွေ ထပ်တိုးလာတာနှင့် ညီမျှသည်။ ထိုစကားကိုကြားတော့ အိမ်ရှေ့စံ မင်းသမီးက ရယ်လိုက်သည်။ မဒမ်အိုကြီးက သူ(မ)မြေးကို အလွန်တန်ဖိုးထားတာ မျိုးရိုးမြင့်အသိုင်းအဝိုင်း တစ်ခုလုံးသိသည်။ စစ်မြေပြင်မှာ အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြေးဖြစ်သူအတွက် ဘာမှမမေးမြန်းပါက အံ့သြဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။

ဒါကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း မေးမြန်းစုံမြန်းကြသည်။

ယွီရှန်းက ခဏလောက် မတားမြစ်နိုင်ပေမယ့် ထပ်မထိုင်နိုင်တော့ပေ။ သူ(မ)က မဒမ်အိုကြီးရဲ့ မဒမ်အိုကြီးရဲ့ အဝတ်စကိုဆွဲကာ တီးတိုးပြောလေသည်

"အဖွား သမီး ဘုရားခန်းကိုသွားပြီး အစ်ကိုကြီးအတွက် သွားဆုတောင်းပေးချင်တယ် အရင်သွားနှင့်လို့ရမလား"

"ကောင်းပြီ သွားနှင့်လိုက် ခဏနေ အဖွားလိုက်ခဲ့မယ်"

မဒမ်အိုကြီးက သူ(မ)ရဲ့ ခေါင်းကို ချစ်စဖွယ် ထိုးဖွလိုက်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now