Part 68

1.2K 153 0
                                    

TYCDTN

Chapter 68

အရင်တုန်းက ယွီစီးယွီ့ ယွီမောက်ချီကို နှစ်သက်ခဲ့တာတွေက အခု မုန်းတီးနေတာနှင့် ညီမျှသည်။ သူ(မ) စိတ်တိုလာပါက ယွီရှန်းလို ဒေါသမထွက်ပေ။ သူ(မ)ကို အကွက်ကျကျကြံစည်ခဲ့တာကို ရင်ထဲသိမ်းထားကာ ပြန်လက်စားချေတတ်သည်။ လက်စားချေ ပေးပြီးရင်တောင် တစ်ဖက်လူက ကျေးဇူးကြောင့် မျက်ရည်ကျတာကို မြင်ချင်သေးသည်။

ထိုနည်းလမ်းက အကျင့်ယုတ်သော်လည်း နာမည်ကောင်း လိုချင်သည့်နည်း ဖြစ်သည်။ ယွီမောက်ချီက မျိုးမစစ်မ။

ယွီစီးယွီ့က အရင်က သူတို့၂ယောက်ကြား ညီအစ်မ ဆက်ဆံရေးကို ပြန်တွေးလိုက်တော့ မနေ့က စားထားသည့် ညစာတွေပင် ပြန်အန်ထွက်တော့မတတ် ခံစားနေရသည်။ ယွီရှန်းရဲ့ ဘဝင်မြင့်ကာ ဆရာကြီးစတိုင် မျက်နှာကို ကြည့်လိုက်တော့ နေသားကျနေကာ စိတ်ရှုပ်မှုတို့ မခံစားရပေ။

သူ(မ)က အငိုရပ်ကာ ထွက်သွားဖို့ ပြင်လိုက်သည်။ သူ(မ)က ရပ်ကာ ဒေါသဖြင့် မေးလေသည်။

"မဟုတ်ပါဘူး သူတို့ရဲ့စီမံချက်တွေကို သိနေရင်လည်း စောစောတားလေ၊ နင်သာ ကူညီချင်တယ်ဆိုရင် ငါဒီလို အဆုံးသတ်မှာမဟုတ်ဘူး"

ကောင်းတယ်။ အခုတော့အဆုံးသတ်တော့မယ်။ ဘာမှကောင်းတာမရှိဘူး။ ယွီစီးယွီ့က ဒေါသကြောင့် ခေါင်းကနေ ခြေထောက်အထိ တုန်ယင်နေသည်။ ယွီရှန်းအတွက် ရှိခဲ့သည့် အကောင်းမြင်စိတ် နည်းနည်းလေးတောင် ဖုန်လို လွင့်သွားခဲ့လေသည်။

ယွီရှန်းက ဟာသကြားလိုက်ရသလို ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်မောနေလေသည်။ ယွီစီးယွီ့ရဲ့ မျက်နှာက ပြာရာမှ ခရမ်းပုပ်ရောင် အဖြစ်ပြောင်းပြီး ဒေါသကြောင့် နှာခေါင်းရဲနေတာတွေ့တော့မှ သူ(မ)က ပြောလေသည်။

"နင်နဲ့ ယွီမောက်ချီက ဒီကိစ္စကို တာဝန်ယူရမယ်၊ နင်သာ ငါ့နေရာမှာဆိုရင် ကူညီမှာလား မေးပါရစေဦး၊ နင်က မကူညီတဲ့အပြင် ပိုဆိုးအောင်တောင် လုပ်ပစ်မှာ စိုးရတယ်"

ထိုစကားကြောင့် ယွီစီးယွီ့က အခက်တွေ့သွားကာ အပြစ်မကင်းစိတ်ကြောင့် ခေါင်းငုံ့လိုက်သည်။ တကယ်ပဲ သူ(မ)က ယွီရှန်းကို မကူညီဘဲ အထက်စီးကနေ ယွီရှန်း နာကျင်ကာ သောကရောက်နေတာကို ကြည့်နေမည် ဖြစ်သည်။ သူ(မ)က ဝန်ခံဖို့ ငြင်းဆိုခဲ့သော်လည်း ယွီရှန်းက သူ(မ) အဖြေကို သိနှင့်ပြီးထားဖြစ်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now