Part 56

1.5K 181 1
                                    

56 01

TYCDTN

Chapter 56

ချွေးမနှင့် ယောက္ခမ ၂ယောက်လုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောဘဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။ မာမောမောက ခြံထဲက အစေခံတွေအကုန် မောင်းထုတ်ကာ တံခါးနားမှာ အသံတွေ နားထောင်နေခဲ့သည်။

အချိန်အကြာကြီး ၂ယောက်သား အသံတိတ်တိုက်ခိုက်ပြီးနောက်တော့ လင်ရှီ ရှုံးသွားခဲ့သည်။ သူ(မ)က ၃ကြိမ် အရိုအသေ ပေးပြီးနောက် ထပ်ပြောလေသည်။

"အမေ့ရဲ့ နှိပ်ကွပ်မှုကြောင့်သာ မဟုတ်ရင် ဒီချွေးမ လှုပ်ရဲမှာ မဟုတ်ပါဘူး၊ ယန်အာ၊ ယွီရှန်း၊ ချီအာနဲ့ စီးယွီ့ကို အမေ မတွေးတော့ဘူးလား၊ ကလေးတွေ အကုန်လုံးက အရွယ်ရောက်နေပြီး မကြာခင် လက်ထပ်ကြတော့မှာ၊ ယွီရှန်း အိမ်ရဲ့တာဝန်ခံ ဆက်လုပ်ဖို့ မသင့်လျော်ပါဘူး၊ အကြီးတွေက အိမ်ထောင်ပြုသွားပြီး သူ့ကို အိမ်ထောင်မပြုရအောင် လုပ်ချင်တာလား၊ သူများတွေ ကျွန်မတို့ကို လှောင်ရယ်ပါလိမ့်မယ်၊ လူတွေနဲ့ဆက်ဆံရမှာတွေ ရှိတော့ သူ ဘယ်လိုလုပ် အဆင်ပြေအောင် လုပ်နိုင်မှာလဲ၊ အရင်တုန်းက ကျွန်မ ခင်ပွန်းရှိတုန်းက အမေ ကျွန်မကို အရမ်းသဘောကျတယ်မလား၊ ဒီတစ်ခါ ကျွန်မကို အခွင့်အရေး တစ်ခုပေးပါ ကျွန်မ မှားခဲ့မှန်းသိပါပြီ"

သူ(မ)က စကားပြောပြီးနောက် နောက်ထပ် အရိုအသေ၃ကြိမ်ပေးကာ အလွန် နိမ့်ချနေလေသည်။

မဒမ်အိုကြီးက မျက်လုံးမှိတ်ကာ ၁၅မိနစ်လောက် တိတ်ဆိတ်နေပြီးမှ မျက်လုံးဖွင့်ကာ သူ(မ)ကို လက်ဝေ့ယမ်းပြပြီး ပြောလေသည်။

"ကောင်းပြီ နင့်ကို လုပ်ခွင့်ပေးမယ်၊ ဒါပေမဲ့ သတိပေးလိုက်မယ် မိသားစု ခေါင်းဆောင်အာဏာကို သုံးပြီး ရှန်းအာကို ကြမ်းတမ်းစွာ မဆက်ဆံရဘူး၊ အမှားမလုပ်ရဘူး၊ အေး အမှားလုပ်တာကို ငါသိလို့ကတော့ နင့်ကို ကွာရှင်းစာချုပ်နဲ့တကွ နင့်မိဘအိမ် ပြန်ပို့ပစ်မယ်၊ ငါ့ယွီစံအိမ်က နင့်ကို ဆက်သည်းမခံတော့ဘူး"

လင်ရှီက သူ(မ) ဘယ်တော့မှ အမှားမလုပ်ဘူးဟု တွေးကာ ချက်ချင်း ခေါင်းညိတ်ပြကာ

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now