Part 54

1.3K 186 1
                                    

TYCDTN

Chapter 54

ယွီရှန်းက စိတ်ထဲကနေ အများကြီး တွေးနေပေမယ့် လှုပ်ရှားမှုတွေကို မရပ်ခဲ့ပေ။ အစိုဓာတ်ပေးသည့် ခရင်လိမ်းပြီးသွားတော့ ဘာမှထပ်လိမ်းစရာမလိုတော့ပေ။ မက်မွန်ပွင့်ပေါင်ဒါမှုန့်လေးကို ပါး၊ မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့်လေးကို ပုတ်လိုက်ကာ ဘရက်လေးဖြင့် မျက်ခုံးမွေးဆွဲလိုက်သည်။ ထို့နောက် ကလစ်များစွာဖြင့် ဆံထုံး ထုံးလိုက်ကာ မျက်ခုံး၂ခုကြားမှာ မက်မွန်ပွင့်ပုံစံ အနီလေးကပ်လိုက်ပြီးနောက် မက်မွန်ရောင်မိတ်ကပ် ပြင်ဆင်မှု ပြီးဆုံးသွားပြီဖြစ်သည်။

သူ(မ)က မှန်ထဲမှာ ဟိုလှည့်ဒီလှည့်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း မက်မွန်ပွင့်ထက် ပိုလှနေတာကြောင့် ပြုံးလိုက်မိသည်။

သူ(မ)ရဲ့ ပြင်ဆင်မှုတွေကို ယွီမောက်ချီက တစ်ဆင့်ချင်းဆီ စိတ်ထဲက မှတ်ထားလိုက်သည်။ ၁၀မှတ်မှာ ၃မှတ်ရုပ်ရည်နှင့်ဆိုင်ပြီး ၇မှတ်က ပြင်ဆင်မှုနှင့် ဆိုင်ကြောင်း အဆိုတောင် ရှိသည်။ ချို့ယွင့်ချက်နှင့်ပတ်သက်ပြီး သိမ်ငယ်နေစရာမလိုဘဲ ရုပ်ရည်မလှရင်တောင် မိတ်ကပ်လှအောင်ပြင်ရင် အလွန်လှပသွားကြောင်း ပြောကြသည်။ သူ(မ)က မှူးမတ်စံအိမ်တော်မှာမလို့ ထိုသို့နေနိုင်ပြီး မဟုတ်ပါက ဒါတွေကို နေ့တိုင်းသုံးနိုင်ကာ ဇိမ်ခံနိုင်မည်မဟုတ်ပေ။

ယွီမောက်ချီက အများကြီး မတွေးသင့်ဘူးဟု ခံစားလိုက်ရသည်။ တွေးလေလေ ယွီရှန်းကို ပိုမုန်းလာပြီး ဖုံးကွယ်ထားလို့တောင် မရတော့ပေ။

ယွီရှန်းကလည်း သူ(မ)ကို မှန်ထဲကနေ တိတ်တဆိတ် အကဲခတ်နေပြီး ပြုံးကာပြောလေသည်။

"အစ်မ ကျွန်မနဲ့ အစ်မက အမြွှာတွေလို့ပြောပေမယ့် ထူးဆန်းတယ်နော်၊ ဘာလို့ကျွန်မတို့တွေက နည်းနည်းလေးမှတောင် မတူတာလဲ၊ ကျွန်မကျတော့ အရမ်းလှပြီး အစ်မကတော့ ရွက်ကြမ်းရေကျိုပါပဲ... "

သူ(မ)က စကားပြောရင်း ပါးကိုလက်ဖြင့် ထောက်ထားပြီးမှ တစ်ဖက်လူကို သူ(မ) စကားက ထိခိုက်နစ်နာစေသလို ဖြစ်သွားလို့ တောင်းပန်ဟန်ဖြင့် ပါးစပ်လေးကို လက်ကိုင်ပဝါဖြင့် အုပ်လိုက်လေသည်။ တကယ်တော့ ယွီမောက်ချီက ရုပ်မဆိုးပေမယ့် ယွီရှန်းနှင့် ယှဉ်လိုက်ရင်တော့ အလှတရားတွေ မှေးမှိန်သွားရသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now