Part 90

1K 133 2
                                    

TYCDTN

Chapter 90

ကျီချန်အိမ်က အုတ်အော်သောင်းနင်းကိစ္စကြောင့် ယွီရှန်းက မြို့ထဲမှာ နာမည်ထပ်ကြီးသွားခဲ့သည်။ မိသားစုမျိုးစုံရဲ့ အိမ်ထောင်ဦးစီး အမျိုးသမီးတွေကြားမှာ သူ(မ)သာ ယောက်ျားတစ်ယောက်ဖြစ်ပါက အိမ်တော်ကိုဦးစီးနိုင်မည့်လူဖြစ်လာပြီး နောက်ထပ်ယွီဖင်ယန် တစ်ယောက်ထပ်ဖြစ်လာနိုင်ကြောင်း ပြောကြလေသည်။

တစ်ဖက်က မျိုးရိုးမြင့် အမျိုးသမီးတွေကတော့ သူ(မ)ကို ကြောက်လန့်သွားပြီး မိတ်ဆွေဖွဲ့ဖို့ ဆန္ဒပင်မရှိကြတော့ပေ။

လုပ်ချင်တာကိုသာလုပ်သည့် ယွီရှန်းကတော့ ထိုအတင်းအဖျင်းတွေကို စိတ်မဝင်စားပေ။ ဒီနေ့တော့ စီရှီအချိန်(9am-11am)မှသာ သူ(မ)နိုးလာခဲ့သည်။ လီလီပန်းပွင့်ရိုက် ငွေရောင်ဖျော့ပိုးထည်လေးကိုဝတ်ဆင်ပြီးနောက် အသစ်ဝယ်လာသည့် ပြဒါးမှန်ရှေ့တွင် မှန်ကြည့်လိုက်သည်။

ကြေးမှန်က ဘယ်လောက်ပဲ တောက်ပြောင်နေအောင် အရောင်သုတ်ထားပါစေ ပုံက အနည်းငယ်ပျက်နေပြီး ပုံရိပ်က အဝါရောင်တစ်ထပ်ခံထားသလို ဖြစ်နေသည်။ ပြဒါးမှန်ကျတော့မတူပေ။ ပုံကအစစ်နှင့်တူရုံမက အရောင်အမှန်ကိုပြန်ဟပ်စေပြီး ပုံရိပ်ကို တောက်တောက်ပပနှင့် ကြွရွစေသည်။

ယွီရှန်းက မျက်နှာကို အိမ်လုပ်သပွတ်ဖတ်နှင့်ရေကို မျက်နှာကိုသုတ်လိုက်ပြီး သူ(မ)က ဟိုလှည့်ဒီလှည့်ဖြင့် သေချာကြည့်ပြီး အသက်ရှူထုတ်ပြီး ညည်းညူပြောဆိုလေသည်

"နင်ကအရမ်းလှတာပဲ၊ အရမ်းဆွဲဆောင်မှုရှိပြီး အရမ်းအရမ်းလှတယ်၊ ဆောင်းရာသီရဲ့ ပန်းအဖူးငုံလေးနဲ့တူတယ်၊ နွေဦးရေပြင်ကို လှိုင်းထသွားစေမယ့် အလှတရားလေး၊ အပြစ်ကင်းပြီး ကျက်သရေအပေါင်းခညောင်းတဲ့ သဘောအကျရဆုံး ကလေးလေး၊ ကမ္ဘာကြီးရဲ့စိတ်ပျက်စရာတွေက နင့်ကြောင့် ပျက်စီးသွားခဲ့ပြီ၊ နင်က သိပ်ကောင်းတဲ့ဝိုင်ခွက်လေးဆိုတော့ ငါက မသုံးဆောင်ဘဲ မနေနိုင်ဘူး... "

အသံကပဲထူးဆန်းနေရုံတင်မကဘဲ စာသားတွေကလည်း ကိုယ်ရည်သွေးသည့် စာသားတွေဖြစ်နေသည်။ မျက်ခုံးပင့်လိုက်၊ နှာခေါင်းရှုံ့လိုက်၊ ပါးဖောင်းလိုက်၊ အနမ်းပေးဟန်ဖြင့် နှုတ်ခမ်းစူနေပုံက ပေါတောတောနှင့် ရယ်စရာကောင်းနေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now