Part 1

6K 323 1
                                    

Unicode

Chapter 1

တရုတ်ပြည်၏နယ်စပ်ဒေသက ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းကြီးတွင် ဘုန်းတော်ကြီး၈ပါးက စကျင်ကျောက် ကြာပန်းပူဇော်စင်ကို ဝိုင်းကာထိုင်နေကြသည်။ သူတို့တွေက လက်ဖြင့် ကောင်းကင်ဘုံချိပ်စည်းကို ပုံဖော်ကာ ကွမ်းရင်မယ်တော်နှင့်ဗုဒ္ဓထံမှ ကောင်းချီအဖြာဖြာနှင့် ကာကွယ်မှုကိုရရှိပြီး ပြန်မွေးဖွားခြင်း မန္တန်ကိုရွတ်ဖတ်ပူဇော်နေကြသည်။

ဗုဒ္ဓ ပိဋိကတ်ကျမ်းကို ရွတ်ဆိုကာ လက်ထဲက သစ်သားတုံးလေးကို တတောက်တောက် ခေါက်ကာ ကြီးမားခမ်းနားလှသော ဟောခန်းကို လှည့်ပတ်နေကြသည်။ အလွန်နူးညံ့သော သံကရိုက်သံက လေနှင့်အုတ်နံရံအထူကြီးကို ဖောက်ထွက်ကာ အပြင်က ကျောပြောလှသောလေထုနှင့် ဟောခန်းမ အပြင်က ကောင်းကင်ပြာကြီးနှင့် ပေါင်းစပ်သွားလေသည်။

ဟောခန်းထဲက ထောင့်နားလေးတွင် အမဲရောင်ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ယောက်က ကြမ်းပြင်က အခင်းလေးမှာ ဒူးထောက်နေလေသည်။ ထိုလူက လက်အုပ်ချီပြီး မျက်လုံးမှိတ်ထားကာ ပိဋိကတ်ကျမ်းကို တည်ကြည်သောအသွင်ဖြင့် ရွတ်ဖတ်ပူဇော်နေသည်။

အသက်၂၀လောက်ရှိမည့် ဘုန်းတော်ကြီးက သူ့ဘေးတွင်ထိုင်ကာ အလင်းမှိန်မှိန်ကိုအားပြုကာ သူ့ကိုကြည့်နေသည်။

ထိုလူရဲ့ ကိုယ်ဟန်အနေအထားက အရပ်တော်တော်မြင့်သည်။ သူ့အသားအရောင်က အလွန်ကျန်းမာပုံပေါ်ပေမယ့် ခရမ်းရောင်သမ်းနေသော နှုတ်ခမ်းက ပြင်းထန်လှသောအဖျားရောဂါမှပြန်ပျောက်ကင်းလာကြောင်းကို ဖော်ပြနေသည်။ လွန်ခဲ့သည့် နှစ်ဝက်လောက်က ထိုလူက ပြင်းထန်သောနှလုံးရောဂါဖြင့် သေလုဆဲဆဲဖြစ်နေကြောင်း သတင်းများထွက်ခဲ့သည်။ ထိုလူရဲ့ မိသားစုက မြို့ထဲမှာ သြဇာကြီးသော မိသားစုတွေထဲက တစ်ခုဖြစ်သည်။ အသက်၂၅နှစ်မှာ သူ့ဖခင်နှင့် ဦးလေးတွေကို ကျော်လွန်ကာ အိမ်ရဲ့ခေါင်းဆောင်ရာထူးကို ရခဲ့သည်။ သူက သူ့မိသားစုကို သေတွင်းက ကယ်ထုတ်ခဲ့ကာ ထိပ်ဆုံးကိုရောက်အောင် လုပ်နိုင်ခဲ့သည်။ 

အားနည်းမှုတွေက ချက်ချင်းအခိုးအငွေ့လို ပျောက်ကွယ်သွားခဲ့သည်။ ထိုလူရဲ့ သေခြင်း၊ ရှင်ခြင်းက မိသားစုရဲ့ ကြွယ်ဝချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကိုဆုံးဖြတ်နေကာ လူအများရဲ့ ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်လိမ့်မည်။ ထိုသတင်းပျံ့သွားတော့ လူအများစုရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ သို့ပေမယ့် ထိုလူက ပျံ့နေသည့်သတင်းတွေကို မငြင်းဆိုခဲ့ပေ။ ထိုအစား လူထုရဲ့အမြင်ကနေ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now