Part 75

995 138 0
                                    

TYCDTN

Chapter 75

ယွီမောက်ချီကို နှင်ထုတ်ပြီးနောက် ယွီရှန်းက ပြုံးကာပြောလေသည်။

"စကားပြောရအောင် ဒီကိုဘာလို့လာတာလဲ"

"ဒီနေ့က တူလေးတူမလေး၂ယောက်ရဲ့ တစ်လပြည့်လေ၊ အဲတာ ယောက်မက အဲတာ နင့်ကို တစ်လပြည့်ပွဲဖိတ်ခိုင်းလိုက်လို့"

"ငါ ဖိတ်စာ ရပြီးထားလေ ဘာလို့ လူကိုယ်တိုင် လာဖိတ်ခိုင်းတာလဲ၊ နင်တစ်ခုခု ဖုံးကွယ်ထားတာ ရှိတယ်မလား"

သူ(မ) စကားပြောနေတုန်း ထောင်ဟုန်က အစာသွပ်မုန့်ဗန်းကို ချပေးပြီးနောက် ခုံရုံးက အမျိုးသမီး၂ယောက်ဆီကနေ ဝေးဝေးနေလေသည်။ နံပါတ်၉မင်းသမီးက မကြာသေးခင်က တနင့်တပိုး စိုးရိမ်ပူပန်ခဲ့ရပေမယ့် သူ(မ)မေးတာကို ပြန်မဖြေခဲ့ပေ။ သူ(မ) မရွှင်မပျ ဖြစ်နေတာတွေ့တော့ မိဖုရားကြီးကလည်း သူ(မ)ရဲ့ ပူပန်မှုတွေ လျော့သွားအောင် နန်းတော်အပြင် ထွက်ခွင့်ပြုခဲ့သည်။

ထင်သည့်အတိုင်း သူ(မ)ရဲ့ ပြဿနာတွေကို ပြောပြဖို့ ယွီရှန်းဆီ လာခဲ့လေသည်။

ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူမှ မရှိတာတွေ့မှ နံပါတ်၉မင်းသမီးလေးက ယွီရှန်းနားသို့ ကပ်သာ သူ(မ)ရဲ့အင်္ကျီကော်လံလေးကို ဆွဲဖွင့်ပြပြီး တီးတိုး ပြောလေသည်။

"မကြာခင်က ဒီနားက သိပ်နာနေခဲ့တာ၊ ယောင်ကိုင်းနေလို့ အိပ်တဲ့အချိန် လှုပ်တောင် မလှုပ်ရဲဘူး၊ ဒီနားမှာ ဘာဖြစ်နေလဲ ဆိုတာလေး ကြည့်ပေးပါဦး၊ ဆူးပန်းလိမ်းပေမယ့်လည်း မသက်သာပါဘူး ပိုဆိုးလာတာပဲရှိတယ်"

နံပါတ်၉မင်းသမီးလေးက ဒီလိုကိစ္စတွေ သိပ်မသိသေးပေမယ့် ဒါက လူတွေကို ထုတ်ပြောရမှာ ရှက်ဖို့ကောင်းမှန်းတော့ သိသည်။ သူ(မ)ရေချိုးတဲ့ အချိန်တွေတောင် ခုံရုံးက အမျိုးသမီး၂ဦးကို မစောင့်ခိုင်းဘဲ အတွင်းခံတွေ မြန်မြန်ဝတ်ပြီး စောင်အောက်မှာသာ ကြိတ်ငိုတတ်သည်။ အဖြစ်အပျက်က ထူးဆန်းကာ ဝမ်းနည်းဖို့ ကောင်းသည်။ ဆူးပန်းအဆီ တစ်ပုလင်းရဖို့ မလွယ်ပေမယ့် လိမ်းတော့လည်း နာကျင်နေတာက ပျောက်မသွားဘဲ ပိုတောင်ယောင်ကိုင်းကာ ကြီးလာခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now