Part 71

1K 153 0
                                    

71 01

TYCDTN

Chapter 71

ယွီမောက်ချီရဲ့အစွမ်းက လူတွေရဲ့စိတ်ကို ခြယ်လှယ်နိုင်ပြီး အစေခံတွေကို အငြိုးကြီးတဲ့ အကြံအစည်ရိုက်သွင်းနိုင်ကာ သူ(မ)က စံအိမ်ရဲ့ တာဝန်ခံဖြစ်တာ တစ်လ မကြာသေးတာတောင် ကျန်းရွှယ်က သူ(မ)အတွက် သေပေးဖို့ ဆန္ဒရှိနေပြီ ဖြစ်သည်။ အဖွားနဲ့အစ်ကိုဖြစ်သူပါ လှည့်စားခံရမှာ စိုးလို့ ယွီစီးယွီ့က သစ်ပင်အောက်မှာ ပတ်နေကာ လည်တဆန့်ဆန့်ဖြင့် လှမ်းကြည့်နေသည်။

"ခိုးနားထောင်ချင်ရင်လည်း သွားလေ"

ယွီရှန်းက ငါးစားလက်တစ်ဆုပ်ကိုယူကာ ပြောခဲ့သည်။

"ဒါပေမဲ့ ဖန်းမောမောနဲ့မာမောမောက တံခါးမှာစောင့်နေတယ်လေ ငါမသွားရဲဘူး"

ထိုမောမော၂ယောက်ကို ယွီစီးယွီ့ အလွန်ကြောက်သည်။

"သွားပါ သူတို့ နင့်ကို မတားဘူး"

ယွီစီးယွီ့က လက်ခါပြခဲ့သည်။

တစ်နေရာတည်းမှာ အတူတူရှိပြီး ၂ယောက်သား စကားမများတဲ့နေ့ဆိုတာ ရှားသည်။ ယွီရှန်းရဲ့စိတ်ကို ယွီစီးယွီ့ သဘောပေါက်သွားခဲ့သည်။ သူ(မ)ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါက သူ(မ)ကလည်း ပြန်လည်ကာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံမည် ဖြစ်ပြီး၊ သူ(မ)ကို ကောင်ကောင်းမွန်မွန် ဆက်ဆံပါက သူ(မ)ကလည်း ပြန်လည်ကာ ကောင်းကောင်းမွန်မွန် ဆက်ဆံမည် ဖြစ်သည်။ သူ(မ)ကို စိတ်ရင်းအမှန်ဖြင့် ဆက်ဆံပါက သူ(မ)ကလည်း စိတ်ရင်းအမှန်ဖြင့် ပြန်ဆက်ဆံမည်ဖြစ်သည်။

ထိုကဲ့သို့သော လူနှင့် အတူရှိပါက လုံခြုံမှုကို ခံစားရနိုင်ကာ နောက်ကျောက ဓားဖြင့်ထိုးမှာ စိုးရိမ်စရာမလိုပေ။ သူ(မ)က လက်စားချေလိုပါက ပိုစိတ်ချရကာ လက်စားချေ ပြီးသွားပါက ဘာအငြိုးမှထားမည် မဟုတ်တော့ပေ။

ခေါင်းခါကာ ယွီစီးယွီ့က အတိတ်ကကိစ္စတွေပြန်တွေပြီး အကြာကြီးတိတ်နေပြီးမှ စိတ်လှုပ်ရှားစွာ မေးလေသည်။

"ငါက ဖန်းကျီ့ချန်နဲ့ မချစ်ခဲ့ပါဘူး ပစ္စည်းလည်း မပေးခဲ့ပါဘူး ဆိုတာကို သက်သေ ပြနိုင်တော့ကော ဘာအသုံးဝင်မှာလဲ၊ ငါရဲ့ကိုယ်ကျင့်တရားက သူ့လက်နဲ့ ဖျက်စီးခံခဲ့ရပြီး သူနဲ့ပဲ လက်ထပ်ရမှာ စိုးတယ်၊ သူ့ကို ဒီလိုလူ ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now