Part 48

1.5K 212 3
                                    

TYCDTN

Chapter 48

သိပ်မကြာခင်မှာပဲ လကုန်ရက်ကို ရောက်သွားတော့ မဒမ်အိုကြီးက ဘဏ္ဍာစိုး၂ယောက်ကို စွေယွဲ့သီလရှင်ကျောင်းကို လွှတ်ကာ လူကို သွားကြိုခိုင်းခဲ့သည်။

အိမ်ရှေ့စံမင်းသမီး အချိန်စောစွာ မီးဖွားခြင်းကိစ္စက ဖြေရှင်းပြီးပြီဖြစ်သည်။ ထိုကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေက ဒုတိယမင်းသားရဲ့ဇနီးနှင့် သူ(မ)ရဲ့ မိသားစုတွေ ဖြစ်သည်။ ဒုတိယမင်းသားက ဒီကိစ္စတွင် သူ မပါဝင်ကြောင်း ဘူးခံ ငြင်းခဲ့သော်လည်း ဧကရာဇ်က သူ့ကို သာမာန်ပြည်သူအဖြစ် ရာထူးချကာ တော်ဝင်ဂူဗိမာန်ရဲ့ အိမ်တွင် တစ်သက်စာ ဖမ်းချုပ်ထားလိုက်သည်။ ဒုတိယမင်းသားရဲ့ဇနီးနှင့် မိသားစုကိုတော့ ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။

ယန်ကျုံးရဲ့ ဆားအခွန်ကိစ္စဟာလည်း ပေါ်သွားခဲ့သည်။ ယန်ကျုံးရဲ့အရာရှိတွေ ငွေအလွဲသုံးစားလုပ်မှုက ငွေမီလီယံ၃၀ကျော်ကာ နိုင်ငံတော်ရဲ့အခွန်ဘဏ္ဌာ ၁၀နှစ်စာနှင့် ညီမျှသည်။ ဧကရာဇ်က အမျက်ဒေါသ ထွက်ခဲ့ကာ နဂါးကြေးခွံဝတ် တပ်သားတွေကို စေလွှတ်ကာ သေချာစုံစမ်း ခိုင်းခဲ့သည်။ ဆွေမျိုး၉ဆက်ထိ ခေါင်းဖြတ်သတ်ခံရခြင်း၊ ရာထူးမှဖယ်ခြင်းများ ခံရကာ ဘယ်သူမှ အလွတ်မခံဘဲ သက်ညှာမှုမရှိ အပြစ်ပေးခံခဲ့ရသည်။

လကုန်ရက်က အလွန်စိတ်သောက ရောက်ဖွယ်ကောင်းကာ လူတိုင်း မလုံခြုံမှုကို ခံစားခဲ့ရသည်။ ထင်ပေါ်ကျော်ကြားသည့် မိသားစုတွေက တံခါးကို တင်းတင်းပိတ်ထားရုံမကဘဲ လမ်းပေါ်က လူသွားလူလာတွေပါ နည်းသွားခဲ့သည်။ သေဒဏ်စီရင်သည့်နေရာမှာသာ လူတွေ စည်ကားနေခဲ့သည်။ နေ့တိုင်း ခေါင်းများစွာ ဖြတ်ခံရကာ နဂါးကြေးခွံဝတ်တပ်စခန်းမှာလည်း အကျဥ်းသားတွေ ပြည့်နေကာ လူမဆန်သည့် ညှင်းပန်းမှုများဖြင့် စစ်ဆေးခံနေရသည်။

ယွီဖင်ယန်လည်း အလွန်ကို အလုပ်ရှုပ်နေတာကြောင့် ရှန်မောက်ချီ ပြန်လာသည့် အသေးအဖွဲ့ကိစ္စလေးက သူ့ရင်ထဲမှာ ရှိမနေပေ။ သူက မနက်အစောပိုင်းကတည်းက အိမ်က ထွက်သွားခဲ့တာ တာဝန်ထမ်းဆောင်နေခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now