Part 45

1.7K 185 1
                                    

TYCDTN

Chapter 45

ယွီဖင်ယန်က ဘုရင့်နန်းတော်ကို အရင်ဝင်ကာ ရှန်မောက်ချီက ကျောက်မိသားစုရဲ့ကျွန် ၄နှစ်ဖြစ်ခဲ့ကြောင်း ပြောပြကာ ယွီမိသားစု သပုတ်လေလွင့် ပြောမခံရအောင် ကျောက်မိသားစုကို သူ ဂရုစိုက် ပေးလိုကြောင်း တင်ပြခဲ့သည်။

ဧကရာဇ်က သူ့မိသားစုရဲ့ အရေးကိစ္စကို စိတ်မဝင်စားသော်လည်း သူ့ရဲ့ပွင့်လင်းမှုကို ကျေးဇူးတင်နေသည်။ ခဏနေတော့ ဧကရာဇ်က လက်ဝေ့ယမ်းပြကာ ကျောက်အန်းစွင့်ကို ကြွယ်ဝချမ်းသာသည့်မြို့ ယန်ကျုံးကို အပြောင်းအရွှေ့ လုပ်ပေးလိုက်သည်။ မကြာခင်က ယန်ကျုံးက အရာရှိအများစု သေသွားခဲ့တာကြောင့် အရာရှိရုံးမှာ နေရာတွေ အများကြီး လစ်ဟနေသည်။ ကျောက်အန်းစွင့်က ကိုယ်ကျိုးမငဲ့ဘဲ ဖြောင့်မတ် မှန်ကန်တာကြောင့် တော်ဝင်တရားရုံးမှာ သူက အသုံးဝင်နိုင်သည်။

ဧကရာဇ်ရဲ့ ယုံစားမှုကို ရရှိပြီးနောက် ယွီဖင်ယန်က ကျောက်မိသားစုဆီ ထွက်လာခဲ့သည်။

ယွင်ကျုံးမှာ ကျောက်အန်းစွင့်ကာ တရားမျှတဖြောင့်မတ်သည့်လူအဖြစ် နာမည်ကြီးသည်။ ယွီဖင်ယန်ရဲ့ ရှင်းပြချက်တွေကိုနားထောင်ပြီးနောက် ကျောက်အန်းစွင့်က ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို မဖျက်စီးချင်တာမလို့ မှူးမတ်စံအိမ်တော်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမည့်အကြောင်း သူက အရင်စပြောခဲ့သည်။ သို့ပေမယ့် သူက ယန်ကျုံးကို အပြောင်းကျသည့် ကိစ္စကို ချက်ချင်းငြင်းပယ်ခဲ့ပြီး သူ့ရဲ့ကိုယ်ကျင့်တရားကို စော်ကားသလိုခံစားခဲ့ရတာကြောင့် စိတ်တိုခဲ့သည်။

ဒါကြောင့်ပဲ ယွီဖင်ယန်က ကျောက်မိသားစုနှင့် သူ့တစ်အိမ်လုံးကို အလေးပေးလေးစားသွားခဲ့သည်။ ရှန်မောက်ချီက ကျောက်အိမ်မှာ ဘာမှနစ်နာရတာမျိုး မရှိခဲ့ကြောင်းကိုလည်း သူအစောကြီးကတည်းက သိပြီးထားဖြစ်သည်။ ရှန်မောက်ချီက ကံသာဆိုးသော်လည်း သူ(မ)ဆုံတွေ့ခဲ့သည့် လူတိုင်းက သူ(မ)ကို ကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြသည်။ ပထမဆုံးက ရှန်မိသားစုက အောက်ကျို့ပေးခဲ့ကာ ကျောက်မိသားစုကလည်း အသက်ကယ်တင်ပေးခဲ့သည်။ မိန်းကလေးကျောက်ကလည်း သူ(မ)ကို ကျွန်လို့သဘောမထားဘဲ ညီမလေး ဟုသာသုံးနှုန်းခဲ့သည်။ အစားအစာ၊ အဝတ်အစား၊ နေထိုင်မှုနှင့် သယ်ယူပို့ဆောင်ရေးကအစ သူ(မ) တန်းတူထားကာ သခင်မလေးလိုသာ ထားသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now