Part 81

1.1K 168 3
                                    

81 01

TYCDTN

Chapter 81

ယွီရှန်းက အဝတ်အစား ဝတ်ဆင်ပြီးနောက် မျက်ခုံးမွေးဆွဲရန် အတွက် အလှပြင်ခုံရှေ့တွင် ထိုင်လိုက်သည်။

ခဏနေတော့ စွင်းရှီက အိပ်ခန်းထဲဝင်လာကာ အော်ခေါ်လေသည်။

"ရှန်းအာ အန်တီ့ရဲ့ ရှန်းအာလေးရေ၊ ဘာလို့ ဒီလောက်ကြာနေပြီ ပိုက်ဆံမပို့တော့တာလဲ၊ နင့်ဦးလေးနဲ့ အန်တီ တော်တော် ဒုက္ခရောက်နေတယ်၊ မြန်မြန်လေး ငွေပေးပါဦး ငါက လင်လောင်ဝူရဲ့သားကို နင့်ဦးလေးရဲ့ သားလို့ မွေးစားဖို့ ကြံထားတာ၊ ဒါပေမယ့် လင်လောင်ဝူက ငွေဒင်္ဂါး၆၀၀ တောင်းနေတယ် မဟုတ်ရင် မလွှတ်ပေးဘူးတဲ့၊ အနာဂတ်မှာ နင့်ဦးလေးနဲ့အန်တီက သားယောက်ျားလေး အမွေဆက်ခံသူရှိဖို့က ဒီအပေါ်မူတည်နေတယ်၊ ရှန်းအာ ငါတို့ကို မစွန့်ပစ်လိုက်ပါနဲ့နော်"

စွင်းရှီက သမီး၁ယောက်သာ မွေးခဲ့သည်။ သူ(မ)က သားလေးထပ်မွေးရန် ကြံခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် မြုံသွားကာ မူလက ကြွယ်ဝမှုတွေကို မိသားစုက သိမ်းသွားခဲ့သည်။ ထို့အချိန်ကစပြီး ကံဆိုးကာ ဘေးကျပ်နံကျပ် အခြေအနေရောက်ခဲ့ရသည်။ သူတို့ရဲ့ဘဝက တော်တော် ဒုက္ခရောက်နေတာကြောင့် ယောက်မဖြစ်သူကို မဆုတ်မနစ် တွယ်ကပ်ခဲ့သည်။ သို့ပေမယ့် ယောက်မဖြစ်သူကပါ အသုံးမကျ ဖြစ်နေလိမ့်မည်ဟု မထင်မိခဲ့ပေ။ ယောက်ျားသေသွားတာနှင့် ကောင်းကင်ကြီး ပြိုကျသလို သီးသန့်ခွဲနေခဲ့သည်။

ကံကောင်းချင်တော့ တူမ ဖြစ်သူက အားကိုးလို့ရသည့်လူ ဖြစ်နေသည်။ လတိုင်း ငွေ၂၀၀ ပေးရုံသာမက ပွဲတော်နေ့တွေ ဆိုရင်လည်း လက်ဆောင်တွေ ပို့ပေးတာကြောင့် သူတို့ဘဝက အများကြီး အဆင်ပြေခဲ့သည်။ လွန်ခဲ့သည့် ၄နှစ် တူမဖြစ်သူ စံအိမ်ကို တာဝန်ယူကတည်းက တစ်ခါမှမပျက်ဘဲ ပိုက်ဆံရခဲ့ပြီး အခုလို တစ်ခါမှ လျစ်လျူရှုခံရတာမျိုး မရှိခဲ့ပေ။ သူ(မ)က ရက်အနည်းငယ် သည်းခံခဲ့ပေမယ့် သားဖြစ်သူက မကြာခင် အဝေးရောက်သွားတော့မှာမလို့ အလောတကြီး လာခဲ့ရလေသည်။

"လင်လောင်ဝူရဲ့သားကို မွေးစားမယ် ဟုတ်လား"

ယွီရှန်းက စုတ်တံဖြင့် သေချာလေး မျက်ခုံးမွေးဆွဲနေကာ စိတ်ထဲမထားသလို ပြောလေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now