Part 16

2K 231 0
                                    

Unicode

TYCDTN

Chapter 16

မဒမ်အိုကြီးယွီက သူ(မ)မြေးမက နံပါတ် ၉ မင်းသမီးကို စကားကြမ်းတမ်းစွာပြောပြီး အနားတိုးလာဖို့ ရိုင်းစိုင်းသည့် အမူအရာဖြင့် ခေါ်နေတာတွေ့တော့ မြေကြီးမှာသာ တွင်းတူးပြီး နေလိုက်ချင်တော့သည်။ မိဖုရားရဲ့ရယ်သံကို ကြားတော့ မြေးမလေး ထပ်ပြီး ပြဿနာတွေ ဖန်တီးမှာကြောက်လို့ မဒမ်အိုကြီးရဲ့ နဖူးကနေ ပဲလုံးစေ့ကြီးလောက် ချွေးတွေကျလာလေသည်။

တစ်ဖက်က ယွီဖင်ယန်ကတော့ အေးစက်လှသည့် မျက်နှာမှာ ဘာအမူအရာမှ မပြခဲ့ပေ။

ထိုနှင်းလုံးလေးလို လုံးတုတ်နေသည့်ကလေးမလေး ၂ယောက်အချင်းချင်းကြည့်နေတာက အလွန်ချစ်ဖို့ကောင်းတာကြောင့် အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံမင်းသမီးတို့ရဲ့ ပုခုံးတွေပင် လှုပ်ခါနေလေသည်။

“ဖင်ယန်ကိုကယ်ဖို့ ကလေးမလေးရဲ့ ခြေထောက်တွေက ဒီလိုဖြစ်သွားတာလား”

မိဖုရားကြီးက အသံတိုးတိုးဖြင့် မေးလေသည်။

“မှန်လှပါ”

မဒမ်အိုကြီးက ခေါင်းညိတ်ပြခဲ့သည်။

“ကုသလို့ရသလား”

“သမားတော်ကြီးရွှဲ့ ပြောတာတော့ အစွမ်းရှိဆေးဆရာ ခူဟွေးမှ မကုသပေးရင် ကုသဖို့ နည်းလမ်းမရှိဘူးလို့ ပြောပါတယ်”

သူတို့က မူလတုန်းကတော့ အစွမ်းရှိဆေးဆရာဖူရဲ့ ကုသမှုကို မျှော်လင့်ခဲ့ပေမယ့် ထိုအခွင့်အရေးကို အိမ်ရှေ့စံကို ပေးလိုက်ပြီဖြစ်သည်။ မဒမ်အိုကြီးက ဒီကိစ္စကို တော်ဝင်မိသားစုရှေ့မှာ ထုတ်မပြောရဲပေ။ မဟုတ်ပါက သူတို့က အကျိုးမျှော်ကိုးကာ စိတ်ထားသေးသိမ်သည်ဟု ထင်မြင်သွားနိုင်သည်။

သူ(မ)က ထိုကိစ္စကို ထုတ်မပြောခဲ့ပေမယ့် မိဖုရားကြီးကတော့ ကျေးဇူးကိုမမေ့ဘဲ ချက်ချင်း ပြောလေသည်။

“စိတ်ချပါ ဒီအရှင်မက လူတွေစေလွှတ်ပြီး ဆေးဆရာခူဟွေးကို အစွမ်းကုန်ရှာပေးမှာပါ၊ ဆေးဆရာကြီး အသက်ရှင်နေသရွေ့ ရအောင်ခေါ်လာပေးမယ်”

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now