Part 35

1.9K 231 3
                                    

TYCDTN

Chapter 35

လိပ်ပြာကလွဲရင် ယွီရှန်းက ပိုးမွှားတွေ အကုန်ကြောက်သည်။ အထူးသဖြင့် ပျော့စိစိပိုးကောင်တွေကို ပိုကြောက်သည်။ ကြည့်ရုံနဲ့တင် ရွံနေကာ ခန္ဓာကိုယ်ကို လာထိနေပါက ပြောစရာပင် မရှိတော့ပေ။ အခုပိုးကောင်က သူ(မ)လည်ပင်းနား ရွစိရွစိသွားနေကာ အတွင်းခံထဲတိုးဝင်နေသည်။ ပိုးကောင်ရဲ့လှုပ်ရွမှုကို ကြောက်လန့်နေသည်။ ပိုးကောင်ပေါ်က အမွေးတွေက သူ(မ)အရေပြားကို တိုက်ရိုက် ထိတွေ့နေကာ စူးပြီး ယားစိစိခံစားရကာ ကြက်သီးတဖြန်းဖြန်းထနေသည်။

ယွီရှန်းက ကြောက်လွန်းလို့ သေချာလေးပင် မတွေးရဲပေ။ သူ(မ)က ဝှီးချဲပေါ်မှာ တောင့်တင်းစွာထိုင်နေပြီး ဆံပင်ပေါ်က ပိုးကောင် ကော်လံထဲဝင်သွားမှာကို ကြောက်နေသည်။

"ထောင်ဟုန်နဲ့ လျိုလွီ့ မြန်မြန်၊ မြန်မြန်လေး ဒီပိုးကောင်ကို လာဖယ်ပေးဦး၊ နေရတာ အဆင်မပြေဘူး"

ယွီရှန်းက ကြောက်လန့်စွာ အော်နေခဲ့သည်။

လျိုလွီ့က လက်ကိုင်ပဝါထုတ်ကာ သူ(မ) သခင်ဖြစ်သူဆီက ပိုးကောင်ကို ဖယ်ပေးဖို့လုပ်လိုက်သည်။ ထောင်ဟုန်က သစ်ပင်ပေါ်ကနေ မြေပြင်ပေါ်ကို ဖြည်းညင်းစွာ ဆင်းလာသည့် အသက် ၁၃၊ ၁၄ လောက်ရှိမည့် ကလေးကို တွန်းပစ်ကာ ကြမ်းတမ်းစွာ မေးလေသည်။

"နင်ဘာလုပ်တာလဲ"

ထိုကလေးက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံခဲ့ရသည့် ကျင့်ကော်မြို့စားအိမ်ရဲ့ တရားဝင်သား ချန်ချီ ဖြစ်သည်။ သူက 'ကမ္ဘာ့နတ်ဆိုးဘုရင်' ဟုနာမည်ကြီးသည်။ ဒီနေ့ သူက ဝါးတူသုံးကာ ပုလင်းတစ်လုံးဖြင့် ပိုးကောင်တွေဖမ်းကာ ငှက်တွေကိုကျွေးဖို့ ပြင်ထားခဲ့သည်။ သူ သစ်ပင်ပေါ်က ဆင်းမည့်အချိန်မှာ သူ့အစ်မကြီးက မသန်မစွမ်း တစ်ယောက်နှင့် လမ်းလျှောက်နေတာကို တွေ့လိုက်သည်။ သူက စပ်စုချင်တာကြောင့် သစ်ပင်ပေါ်မှာ ခဏလောက် ပုန်းနေလိုက်သည်။ သူတို့ပြောနေသည့် စကားကို ကြားကာ စိတ်တိုလွန်းလို့ အဆုတ်တွေ ပေါက်ထွက်မတတ်ပင် ဖြစ်ခဲ့သည်။

မှူးမတ်စံအိမ်က သခင်မလေးက အကျင့်မကောင်းတာ ကျော်ကြားပြီး သူ(မ)စကားတွေက ဓားလိုထက်သည်။ ဒီနေ့တွေ့လိုက်ရတော့ သတင်းတွေ ထွက်နေတာထက်ကို ပိုမုန်းဖို့ကောင်းတယ်။ ငါ့မိသားစုဝင်ကို ဆဲခွင့် ဘယ်သူပေးထားလို့လဲ။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now