Part 76

1K 154 1
                                    

TYCDTN

Chapter 76

ဒီလဝက်လုံး လင်ရှီက အေးအေးဆေးဆေး မအိပ်ခဲ့ရပေ။ အခု သူ(မ)က ညောင်စောင်းထက်မှာ မှီကာ ဆေးသောက်နေသည်။ သမီးဖြစ်သူ ဝင်လာတာ တွေ့တော့ သူ(မ) မျက်လုံးထဲတွင် ကြောက်လန့်မှုတွေ ဖြတ်ပြေးသွားခဲ့သည်။

ကျင်းမိသားစုရဲ့ သွေးသံတရဲရဲ ကိုယ်ခန္ဓာတွေနဲ့ သမီးဖြစ်သူရဲ့ အေးစက်လှသည့် မျက်နှာထားက သူ(မ)စိတ်ထဲ တဝဲလည်လည် ဖြစ်နေသည်။ အံကြိတ်ကာ တီးတိုးပြောလေသည်။

"ပြန်လာပြီလား၊ နံပါတ်၉မင်းသမီးကိုတွေ့ခဲ့လား"

"တွေ့ခဲ့တယ်"

ယွီမောက်ချီက တွေ့ရာခွေးခြေခုံတစ်ခုယူကာ ထိုင်ပြီးနောက် လက်ကိုင်ပဝါဖြင့် လက်ဖဝါးက သွေးတွေကို သုတ်ပစ်လိုက်သည်။

ထိုအချင်းအရာကို မြင်သည့် လင်ရှီက ထိတ်လန့်သွားကာ ပူပန်စွာမေးလေသည်။

"ဒဏ်ရာက ဘယ်လိုရလာတာလဲ၊ လူလွှတ်ပြီး ဆေးဆရာ ခေါ်ပေးမယ်"

လက်နားကသွေးတွေကို လက်ကိုင်ပဝါဖြင့် သေချာသုတ်ပြီးနောက် ယွီမောက်ချီက ခေါင်းခါပြကာ..

"ဒဏ်ရာသေးသေးလေးမလို့ ဘာမှမဖြစ်ဘူး၊ အနာကျက်ဆေးပဲ ကိုယ့်ဘာသာ ထည့်လိုက်မယ်၊ ထောင်ကျပြီး အစ်ကိုကြီးနှိပ်စက်တာကို ခံခဲ့ရတုန်းကကို ပြန်တွေးလိုက်ရင် ဒီဒဏ်ရာထက် အဆ၁၀၀၀လောက် ပိုနာကျင်တယ်၊ ကိုယ်ခန္ဓာ ထိခိုက်ခဲ့ပြီး ဘဝက တန်ဖိုးမရှိတော့ဘူး အဲတာကို ဘယ်လိုလုပ်မလဲ"

ထိုစကားကို ကြားလိုက်တော့ လင်ရှီက အစောက ကြောက်ရွံ့မှုတွေကို သတိမထားမိတော့ပေ။ ယွီမောက်ချီနား အပြေးအလွှားသွားကာ ဒဏ်ရာကိုစစ်ဆေးပြီး စိတ်ထိခိုက်စွာ သုတ်ပေးခဲ့သည်။ သမီးဖြစ်သူသာ ခက်ခဲမှုတွေ မကြုံခဲ့ရရင် သူက ဒီလိုဖြစ်နေပါ့မလား။ သူ(မ)က မကောင်းမှုကျူးလွန်ခဲ့ရင်တောင် ဒါက ရှန်မိသားစု ယုတ်မာလို့ ဖြစ်ပြီး ယွီရှန်းနဲ့ယွီဖင်ယန်က ချီအာ အပေါ်ကို ဘာလို့ အပြစ်တင် နေကြတာလဲ။ သူကမှ နစ်နာသူပါ။

"အမေ့သမီးလေး အများကြီး နာကျင်ခဲ့ရပြီ၊ အမေအသုံးမကျတာပါ... "

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now