Part 42

1.6K 197 2
                                    

TYCDTN

Chapter 42

စာဖတ်ခန်းထဲမှာ နဂါးကြေးခွံဝတ်တပ်သား၂ယောက်က တည်ကြည်စွာရပ်နေပြီး ရှန်မောက်ချီရဲ့ ဘဝဖြစ်စဥ်ကိုမှတ်တမ်းမတင်ပြခင် တပ်မှူးကြီးယွီ ဝင်လာတာတွေ့တော့ ဒူးထောက်ကာ အရိုအသေ ပေးခဲ့သည်။

ယွီဖင်ယန်က မှတ်တမ်းတင်ထားသည့် စာအုပ်ကို အမူအရာမဲ့စွာ ဖတ်လိုက်သည်။

သူ(မ)က ချမ်းသာသည့် ကုန်သည်သမီးကနေ အစေခံဖြစ်သွားခဲ့ပြီး သူ(မ)ကိုယ်တိုင်ကပဲ ရှန်မိသားစုကို ကပ်ဘေးဒုက္ခတွေ ကြုံအောင် လုပ်သည့်လူမှန်းတော့ ယွီဖင်ယန် မထင်ခဲ့မိပေ။

ရှန်မိသားစုက လင်နန်မြို့မှာ အလွန်ကြွယ်ဝချမ်းသာခဲ့သည်။ သခင်ကြီးရှန် ကြွယ်ဝချမ်းသာအောင် ဘယ်လိုတွေ ကြိုးစားခဲ့ကြောင်း ကလည်း ကျော်ကြားသည်။ ရှန်သခင်ကြီးက ဂူသင်္ချိုင်းဖောက်လုပ် စီးနင်းတာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းပစ္စည်းလဲလှယ်သည့် လုပ်ငန်းလုပ်သည်။ သခင်မကြီးရှန်က နောက်တော့ သားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားခဲ့သည်။ ကလေး၂ယောက် ကောင်းချီးပေးခံရဖို့အတွက် သခင်ကြီးရှန်က တခြားလူတွေရဲ့ ဂူသင်္ချိုင်းကို မဖောက်တော့ပေ။

အသက်၁၀နှစ်မတိုင်ခင်အထိ ရှန်မောက်ချီရဲ့ ဘဝက အဆင်ပြေ ချောမွေ့နေကာ ဘဝကိုဇိမ်ခံစွာ နေထိုင်နိုင်ခဲ့သည်။ အသက်၁၀နှစ်ရောက်တော့ မအေဖြစ်သူနဲ့ လော့ယန်မြို့ကို ကုန်ပစ္စည်းလဲလှယ်ဖို့ လိုက်ခဲ့ပြီး တိုက်ဆိုင်စွာဖြင့် ရုံးတော်မှာ အိမ်ရှေ့စံနလန် ပြန်ထူသည့် အချိန်နှင့် ကြုံခဲ့သည်။ ရှန်မောက်ချီက သံသယရှိသူအဖြစ် အဖမ်းခံခဲ့ရသည်။ သူ(မ) ပြန်လွတ်ဖို့အတွက် ပိုင်ဆိုင်မှာ ၈၀%ပေးခဲ့ရကာ တစ်မိသားစုလုံး စိတ်သောကရောက်စွာဖြင့် လင်နန်ကို ပြန်ခဲ့ရသည်။

အဲတုန်းက ဖမ်းဆီးဖို့ အမိန့်ပေးခဲ့သူက ယွီဖင်ယန်သာ ဖြစ်သည်။ ထိုအချိန်ကစပြီး ရှန်မိသားစုက ယုတ်လျော့လာခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့်ပဲ ရှန်မောက်ချီက သူ့ကိုတွေ့တော့ မှတ်မိနေကာ လက်စားချေမယ်၊ မုန်းတယ် ဟူသော စကားပြောခဲ့တာ မထူးဆန်းတော့ပေ။ အမှားတွေ အကုန်လုံးအတွက် သူ့ကို မုန်းတီးကာ နေ့နေ့ညည ကျိန်ဆဲနေတာဖြစ်နိုင်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now