Part 79

981 160 2
                                    

TYCDTN

Chapter 79

မျိုးရိုးမြင့် အမျိုးသမီးတွေက ဝိုင်းအုံကာ ပြိုင်ပွဲကို ကြည့်နေပြီး နံပါတ်၉မင်းသမီးနဲ့ ဖန့်ကျောင်းကျောင်းက ယွီရှန်းရဲ့ ဝှီးချဲ့နောက်ကနေ မှီကာ စိတ်ဝင်တစား ကြည့်နေခဲ့သည်။

ယွီမောက်ချီကလည်း ဉာဏ်စမ်းကစားသည့်အခါ ကျွမ်းကျင်တာကြောင့် သူ(မ)က တိုးလာရင်း စားပွဲစွန်းနား ရောက်သည့်အခါမှာပဲ ယွီရှန်းက ချောင်ချောင်ကို ကိုယ်စားပြုသည့်ဟာကို အောက်နေဆွဲထုတ်ပြီးနောက် လုံးဝလွတ်မြောက်သွားတာကို တွေ့လိုက်ရသည်။

ငွေဒင်္ဂါး၁၀၀ပစ်ပေးကာ မင်လန်က အံကြိတ်ကာ ပြောလေသည်။

"ဒီတစ်ပွဲကို မထည့်တွက်ဘူး ဆက်ဆော့မယ်"

"ကောင်းပြီ မထည့်တွက်ဘူးဆိုလည်း မထည့်တွက်ဘူးပေါ့"

ယွီရှန်းက ခပ်ဖွဖွ ရယ်လေသည်။ နောက်တစ်ပွဲ ထပ်စပြီး ယွီရှန်း ဘယ်လောက်ဝိုင်းဝိုင်း ဘယ်လောက်ကြားဖြတ်ဖြတ် ယွီရှန်းက ၁၀ကွက်အတွင်း လွတ်မြောက်နေပြီး ၁၅မိနစ်အတွင်း ပွဲအရေဒါဇင်ချီ ပြီးခဲ့သည်။ သူ(မ)ဘေးက ငွေစက္ကူအထူကြီးနှင့် ငွေချောင်းတွေက တစ်စတစ်စ ကုန်သွားခဲ့သည်။

မင်လန်က ရှုံးသွားတာကြောင့် မျက်လုံးတွေနီနေပြီး ငွေစက္ကူတွေလည်း မရှိတော့တာကြောင့် ခေါင်းပေါ်က ဆံထိုးကိုဖြုတ်ကာ ဆက်ဆော့ဖို့ပြင်တော့ အစ်မ ၂ယောက်က တားခဲ့သည်။ တခြားမျိုးရိုးမြင့်အမျိုးသမီးတွေက သူတို့ ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်မောနေခဲ့ကြသည်။

ယွီမောက်ချီကတော့ မရယ်နိုင်ပေ။ ယွီရှန်းက သူ(မ)ထင်သလို မရိုးရှင်းမှန်း သိလိုက်ရလေသည်။ သူ(မ) ရဲ့ကြမ်းတမ်းသည့် ပါးစပ်နှင့် မချုပ်တည်းတတ်သည့် စိတ်ကြောင့် အရာအာလုံးကို အလောင်းအစား လုပ်ရဲပြီး နိုင်အောင်လည်း လုပ်နိုင်သည်။ သူ(မ) အလွန်ဉာဏ်ထက်တာက ကိုင်တွယ်ဖို့ ခက်နိုင်သည်။

မင်လန်က သူ(မ)ကို ဒေါသထွက်စွာ ကြည့်နေတာတွေ့တော့ ယွီရှန်းက ငွေစက္ကူတွေထုတ်ကာ ပစ်ပေးလိုက်ပြီး ခနဲ့လေသည်။

"ငါ နင်နဲ့ မကစားချင်ဘူးလို့ပြောသားပဲ၊ နင်က ရှုံးတဲ့အချိန်တိုင်း စိတ်သောက ရောက်နေတဲ့ ယုန်လေးလိုပဲ၊ ရော့ ယူလိုက် ငါနင့်ရဲ့ငွေတွေကို မမက်.. "

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now