Part 7

2.1K 230 0
                                    

Unicode
TYCDTN
Chapter 7

ဖုန်းမောမော ပစ္စည်းတွေ ပြန်ပို့ပေးပြီးနောက်တွင် ပစ္စည်းတွေရဲ့ အသေးစိတ်စာရင်းကို လွှဲပေးကာ မပြန်ခင် သခင်မလေးရဲ့ အခန်းထဲမှာခဏနေခဲ့သည်။

ယွီရှန်းက စာရင်းကိုယူမကြည့်ခင် ဖုန်းမောမော အဝေးရောက်သွားတာကို စောင့်နေလိုက်သည်။ အမျိုးသမီးအစေခံ ချိန်းရှီက သူ(မ)ကို ဂရုမစိုက်ဘဲ သူ(မ)လက်ထဲက စာရင်းစာရွက်ကိုယူကာ ပြောလေသည်

"သခင်မလေး ကျွန်မ ဒါတွေကို သိုလှောင်ခန်းထဲ ထည့်လိုက်ပါ့မယ်"

ယွီရှန်းက မျက်မှောင်ကြုပ်ကာ

"စာရင်းပေး ငါကြည့်မလို့"

"ဘာမှကြည့်စရာမရှိဘူး၊ သခင်မလေးက စာလည်းမဖတ်တတ်ဘူးလေ အမှားအယွင်း မရှိအောင် သွားသိမ်းပေးပါ့မယ်"

ချိန်းရှီက ပြောကာ အခန်းထဲက လိုက်ကာကိုမက အပြင်ထွက်သွားလေသည်။ သူ့ညီမ ချိန်းဖင်က ပြတင်းပေါက်နားရပ်နေကာ မျက်လုံးမှိတ်ပြလေသည်။ သူ(မ) မျက်လုံးထဲမှာ လောဘတွေ လျှံကျနေတာကို တွေ့မြင်နိုင်သည်။

မဒမ်အိုကြီးက ရာသီဥတုတစ်ခုတိုင်း ယွီရှန်းကို ပစ္စည်းတွေပေးဖို့ မမေ့လျော့ပေ။ အရည်အသွေးမြင့် အထည်စတွေ လက်ဝတ်ရတနာတွေကို ပေးလေ့ရှိသည်။ သေတ္တာတွေကလည်း ကျောက်စိမ်း၊ ပုလဲနှင့် အဖိုးတန် ကျောက်တွေ အပြည့်ပါသည်။ တစ်ခါဖွင့်လိုက်သည်နှင့် မျက်လုံးတွေကို ကျိန်းသွားအောင် လက်ထနေတတ်သည်။ သေတ္တာအသေးလေးတွေလည်း အများအပြားရှိသေးကာ ချစ်စရာကောင်းသည့် ရွှေဝက်ကလေးတွေက လောဘကို ဆွဲဆောင်နိုင်သည်။

အခု ယွီရှန်းက အောက်ပိုင်းသေကာ သူ့ဘာသာသူ မစောင့်ရှောက်နိုင်တာကြောင့် အစေခံအမျိုးသမီး၂ယောက်က သူ(မ)ကို ပြုစုရတာ ပင်ပန်းလွန်းနေပြီ ဖြစ်သည်။ ဒါကြောင့် မှူးမတ်ဖက်ကို ပြောင်းရမည့် အခွင့်အရေး အဆက်အသွယ်ကို ရှာနေကြလေသည်။ သူတို့ရဲ့ လှပတဲ့ရုပ်ရည်ကြောင့် ယီနျန်ဖြစ်ဖို့လည်း အခွင့်အရေး ရနိုင်သည်။ သူတို့မှာ လာဘ်ထိုးဖို့ ပိုက်ဆံမရှိပါက အခက်တွေ့နိုင်သည် သို့ပေမယ့် မှူးမတ်ကြီးက သူတို့ကို လွှတ်လိုက်တာကြောင့် ဒါက ကောင်းကင်ရဲ့ အလိုဆန္ဒဖြစ်နိုင်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now