Part 36

1.9K 230 6
                                    

TYCDTN

Chapter 36

ကျင့်ကော်မြို့စားမင်းနှင့် ကျင့်ကော်မြို့စားကတော်တို့ ရောက်သည့်အချိန်မှာ လျိုလွီ့က အစေခံ၁ယောက်ကို စေလွှတ်ပြီး စောနကထွက်သွားသည့် မဒမ်အိုကြီးကို သတင်းသွားပေး ခိုင်းလိုက်သည်။ မဒမ်အိုကြီးက ဒေါသတွေကို ဖိနှိပ်ထားရသည်။ သူ(မ) မျက်နှာထက်တွင် ပြုံးရယ်ခြင်း ရှိမနေပေ။

ကျင့်ကော်မြို့စားကတော်က ပြောလေသည်

"မဒမ်ကြီး ယွီဖင်ယန်က နည်းနည်းတော့ ရိုင်းနေပြီ၊ ယွီရှန်းနဲ့ ဘာမဟုတ်တာလေး ငြင်းခုန်မိတာကို ချန်ချီအပေါ်ကို မြွေတွေ လောင်းချခိုင်းခဲ့တယ်၊ ဘာလုပ်ဖို့ ကြိုးစားတာလဲ၊ တပ်မှူးကြီးတစ်ယောက်အနေနဲ့ ကလေးတစ်ယောက် အပေါ်ကို ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ အပြုအမူမျိုး လုပ်ရတာလဲ"

မဒမ်အိုကြီးက မျက်လုံးမှိတ်ထားကာ လက်ထဲက ပုတီးစိပ်နေလိုက်သည်။ ကျင့်ကော်မြို့စားကတော် စကားပြောလို့ ပြီးသွားတဲ့အချိန်မှာပဲ စကားပြန်ပြောမလို့ ပါးစပ်ဟဖို့ ပြင်လိုက်သည်။ သို့ပေမယ့် ယွီဖင်ယန်က စိုရွှဲနေသော ဆံပင်ဖြင့် လမ်းလျှောက်ဝင်လာကာ ဩရှသည့်အသံဖြင့် ပြောလေသည်။

"သူ့ကြောင့် ကျုပ်ညီမ တစ်ကိုယ်လုံးမှာ အရည်ကြည်ဖုတွေချည်းပဲ အခုယားပြီး နာကျင်နေတယ်၊ သူက ဘာဒဏ်ရာမှမရသွားဘဲ လန့်သွားရုံပဲရှိတာပါ၊ ဒါဟာ ကျုပ် သက်ညှာ ပေးထားတာပဲ၊ ကျုပ်ရဲ့ညှာတာမှုကို ခင်ဗျားတို့တွေ အသိအမှတ် မပြုနိုင်ရင်တော့ ကြည့်ထားလိုက် အရေခွံစုတ်ပစ်မယ်"

ထိုသို့ပြောပြီးနောက် သူ့နှုတ်ခမ်းတွေက ကော့တက်သွားခဲ့သည်။

ပြုံးနေသည့် မှူးမတ်ကြီးက အမူအရာကင်းမဲ့သည့် မှူးမတ်ကြီးထက် ပိုကြောက်ဖို့ ကောင်းတာကို လူတိုင်းသိသည်။ သူ့အပြုံးက နွေဦးမှာတိုက်သည့် လေပြေလေးနှင့် တူပေမယ့် တကယ်က လူ့အသက်ကိုတောင် အေးတိအေးစက် နှုတ်ယူနိုင်သည်။

ကျင့်ကော်မြို့စားက သူ့ရှေ့ကကောင်လေးက အရင်ကလို လိမ်လည်ရလွယ်သည့် ကောင်လေး မဟုတ်တော့မှန်း ရုတ်တရက်ကြီး သတိရလိုက်ကာ ထိုလူက ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားသည့် တပ်မှူးကြီးဖြစ်နေပြီ ဖြစ်သည်။ စိတ်ရှိသလို လူသတ်နိုင်ပြီး တော်ဝင်ခုံရုံးရဲ့ ခွင့်ပြုပေးတာကို စောင့်စရာ မလိုဘဲ ကွပ်မျက်လိုက်လို့ ရသည်။ ဒီတစ်နိုင်ငံလုံးမှာ သူ့ကို ထိန်းချုပ်လို့ရတာ ဧကရာဇ် တစ်ယောက်တည်းသာ ရှိသည်။ တော်ဝင်တရားရုံးရဲ့ အတွင်းကောအပြင်မှာပါ သူ့လက်နဲ့အသတ်ခံခဲ့ရသည့် အပြစ်မဲ့သည့် ဝိဉာဥ်များစွာ ရှိသည်။ သူတို့တွေက ငရဲပြည်ကို ကျရောက်ခဲ့ရင် ငရဲပြည်ကြီးတောင် ကျိုးကျသွားမှာစိုးရသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now