Part 69

1K 144 0
                                    

69 01

TYCDTN

Chapter 69

ကြောက်လန့်တကြား အော်ဟစ်သံကို ကြားတော့ မှောင်ထဲကလူက ရင်ဘတ်ထဲ မီးခြစ်စံကို ထုတ်ကာ စားပွဲပေါ်က ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ မီးအလင်းရောင်ကြောင့် ခက်ထန်ကာ သန်မာတောင့်တင်းသည့် မုတ်ဆိတ်မွေးနှင့်လူကို တွေ့လိုက်ရသည်။

ဖန်းကျီ့ချန်က လေအေးတွေကို ရှူသွင်းလိုက်သည်။ သူက ဒုတိယလူကို ထပ်ကြည့်လိုက်တော့ မျက်စံတွေ ပြူးပြာသွားကာ ချက်ချင်းပင် ပျောက်ကွယ် သွားချင်တော့သည်။ ထိုလူက ရုပ်ဆိုးသည့်လူ မဟုတ်ပေ။ တစ်ဖက်မှာလည်း တမူထူးခြားကာ ချောမောသည့် ရုပ်ရည်ရှိပြီး သေးသွယ်သည့် ဖီးနစ်မျက်လုံးတွေရှိပြီး သူ့ကို မျက်လုံးမှေးကျဉ်းကာ ကြည့်နေသည်။

ဖန်းကျီ့ချန်မှာ ကြောက်လွန်းလို့ စကားပင် မပြောနိုင်တော့ပေ။ သူက ချက်ချင်းဒူးထောက်ကာ အရိုအသေပေးကာ အားတင်းကာ ပြောလေသည်။

"မှူးမတ်ကြီး ကျေးဇူးပြုပြီး ကျွန်တော်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်က ပြဿနာလာရှာတာ မဟုတ်ပါဘူး အတင်းအကျပ်စေခိုင်းခံရတာပါ၊ အသက်ချမ်းသာပေးဖို့ မှူးမတ်ကြီးကို တောင်းပန်ပါတယ်"

ထိုလူက သူ့ဖခင်ရဲ့ခေါင်းကို ဖြတ်ခဲ့သည့်လူမလို့ မကြောက်ဘဲ မနေနိုင်ပေ။

"မင်းကို ဘယ်သူ ခိုင်းတာလဲ"

ယွီဖင်ယန်က အေးဆေးစွာ မေးလေသည်။

"ဒုသခင်မလေး ရှန်းအာပါ၊ သူက လူလွှတ်ပြီး ကျွန်တော်တို့သားအမိကို ငွေဒင်္ဂါး၅၀၀ ပေးခဲ့ပါတယ်၊ ယွီစီးယွီ့ သူ့ရှေ့မှာ ထောင်လွှားနေတာ မကြည့်ချင်တော့လို့ တစ်သက်လုံး နောင်တရအောင် လုပ်ချင်တယ်လို့ ပြောပါတယ်၊ ကျွန်တော်နဲ့ ယွီစီးယွီ့ လက်ထပ်ရင် ငွေဒင်္ဂါးထောင်ချီ ထပ်ပေးမယ်ပြောပြီး အနာဂတ်မှာ ယွီစီးယွီ့ ကလန်ကဆန်လုပ်ရင် သတ်ပစ်လို့ ရတယ်လို့ ပြောပါတယ်၊ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပေးစရာမလိုဘဲ ကျွန်တော်တို့ သားအမိယူလို့ ရတယ်လို့ ပြောပါတယ်"

ဖန်းကျီ့ချန်က ယိုင်နဲ့နဲ့ဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်နေသည်။ သူက အတင်းအကျပ် လုပ်စရာမလိုဘဲ အကုန်ပြောပြခဲ့သည်။ ယွီဖင်ယန်ရဲ့ အကြည့်တွေ ပိုအေးစက်သွားတာ မြင်တော့ ဆက်ပြောလေသည်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now