Part 84

976 168 1
                                    

84 01

TYCDTN

Chapter 84

ယွီရှန်းက တစ်ကိုယ်လုံး ယားယံနေသည်။ သူ(မ) ရထားလုံးပေါ် ရောက်သည့်နှင့် ခေါင်းစည်းကို ဖြည်ချ၊ ရင်ဘတ်က အဝတ်ကို ဆွဲဟကာ လည်ပင်းတွေ ကျောကုန်းတွေကို ကုတ်ဖဲ့လေသည်။ သူ(မ) ရှေ့မှာသာ ဆူးချွန်ပါသည့်အပြားရှိပါက တုံ့ဆိုင်းမနေပဲ လူးလှိမ့်ချလိုက်မည် ဖြစ်သည်။

သူ(မ)က ပိုးကောင်တွေကို ပိုကြောက်သွားခဲ့သည်။

ယွီဖင်ယန် ရထားလုံး လိုက်ကာကို မလိုက်တာ တွေ့သည့်နှင့် သူ(မ) ထိန်းချုပ်ထားသည့် မျက်ရည်တွေက ဒလဟောစီးကျလာကာ

"အစ်ကိုကြီး ယားတယ်"

ယွီဖင်ယန်က လိုက်ကာချပြီး သူ(မ)ကို ဆွဲဖက်ကာ တိုးလျသည့်အသံဖြင့် မေးလေသည်။

"ဘယ်နားယားတာလဲ၊ အစ်ကိုကြီးကုတ်ပေးမယ်"

"ကျောကုန်းယားတယ်"

ယွီရှန်းက သူ(မ)ရဲ့ ကျောကုန်းကို ညွှန်ပြခဲ့သည်။

ယွီဖင်ယန်က သူ(မ)ရဲ့ ကျောကုန်းဘက်ကို လက်ဆန့်ကာ

"ဒီနားလား"

"ဘယ်ဘက်နည်းနည်းတိုး"

"ညာဘက်နည်းနည်းတိုး"

"အပေါ်တက်၊ အောက်ဆင်းဦး"

ယွီရှန်းက ဟိုဟိုဒီဒီ ညွှန်ပြနေပြီး ပိုယားလာတာကြောင့် အရေပြားကို ဆွဲလှန်ကာ အောက်မှာ မျှော့များ ပုန်းနေလားလို့ပင် ကြည့်လိုက်ချင်နေသည်။ ချန်ချီ သူ(မ) ကိုယ်ပေါ် ပိုးကောင်တွေ သွန်ချခဲ့သည့် အချိန်ကို ပြန်တွေးကြည့်တော့ ကလေးရဲ့ နှာခေါင်းထဲကို ဝင်သလို သူ(မ)ရဲ့ ကိုယ်ခန္ဓာ၊ နား၊ နှာခေါင်းနှင့် မျက်လုံးထဲပါ ရောက်နေလောက်သည်ဟု တွေးလိုက်မိသည်။

တွေးလေလေ ပိုကြောက်ပြီး အစ်ကိုဖြစ်သူရဲ့လည်ပင်းကို တင်းနေအောင်ဖက်ကာ ကြောက်လွန်းလို့ တုန်ယင်နေသည်။

ယွီဖင်ယန်က သဘောကျမှုနှင့် စိတ်သောကရောက်မှု ၂မျိုးလုံးကို ခံစားနေရသည်။ သူ့ရဲ့ လက်ဖဝါးကြီးက အဝတ်အောက် လျှိုဝင်ကာ ချောမွတ်သည့် နောက်ကျောကို ကုတ်ပေးနေခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now