Part 83

1.1K 191 4
                                    

83 01

TYCDTN

Chapter 83

အိမ်ရှေ့စံမင်းသားက ပန်းပင်အနီလေးကို ထိကာ

"ဒါက ဘာလဲ"

တော်ဝင်သမားတော်က ခေါင်းငုံ့ကာ ပြန်ဖြေလေသည်

"အရှင့်သား ဒီအပင်ကို 'ကျောရိုးမဲ့ကောင်တွေကို ဝါးမျိုသူ'လို ခေါ်ပါတယ်၊ ပိုးကောင်တွေကို ဝါးမျိုတာ မဟုတ်ဘဲ သူ့အနံ့က မြွေတွေ၊ ပိုးကောင်တွေ၊ ကြွက်နဲ့ ပုရွက်ဆိတ်တွေကို နှင်ထုတ်ပေးတယ်၊ ဒီအပင်က ပိုးမွှားတွေများတဲ့ တောင်ပိုင်းပင်လယ်မှာ ပေါက်ပြီး တောင်ပိုင်းပင်လယ်က ကုန်သည်တွေအတွက် အရေးပါတယ်၊ ကျိုးလွယ်တဲ့ပင်စည်ကြောင့် စိုက်ဖို့ခက်တယ်၊ အိမ်ရှေ့စံမင်းသမီးက ဒီအပင်ရဲ့အနံ့ကို အများကြီး ရှူလိုက်တော့ မျှော့ကောင်က မခံနိုင်တော့ဘဲ တခြားနေရာပြောင်းဖို့ နှာခေါင်းကနေ ထွက်လာတာပဲ၊ ဒီအပင်ကြောင့် မဟုတ်ရင် အကောင်က ဦးနှောက်ထဲ နောက်ထပ်လဝက်အတွင်း ဝင်ပြီးရင်တော့... "

တော်ဝင်သမားတော်က သူ စကားပြောမှားသွားတာ သိလိုက်တော့ သူက အမြန်ပြန်ပြင် ပြောလေသည်။

"အိမ်ရှေ့စံမင်းသမီးက တကယ့်ကို ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတာပဲ၊ ဒီနိမ့်ကျတဲ့အရာရှိက ကုန်ဆုံးသွားတဲ့သွေးနဲ့ အာဟာရပြန်ပြည့်ဝဖို့ ဆေးတချို့ ညွှန်းပေးခဲ့ပါတယ်၊ လအနည်းငယ်အတွင်း ပျောက်ကင်းသက်သာပါလိမ့်မယ်"

"ကောင်းပြီ စာရွက်နဲ့ဘောပင်ယူခဲ့"

အိမ်ရှေ့စံမင်းသားက ထောင့်မှာ ရပ်နေသည့် စုန့်မောမောကို လက်ဝေ့ယမ်းပြခဲ့သည်။

စုန့်မောမောက စာရွက်နှင့်ဘောပင်ကို ကမ်းပေးလိုက်ပြီး စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းကြောင့် သူ(မ)ရဲ့ လက်တွေက တုန်ယင်နေသည်။ အိမ်ရှေ့စံမင်းသားက အိမ်ရှေ့စံမင်းသမီးရဲ့ ရင်ဘတ်နားတိုးသွားကာ ပန်းပင်အနီရဲ့ အနံ့ကို ရှူလိုက်ပြီး မေးလေသည်

"ကျန်အာ ကိုယ်တော် နှာခေါင်းသွေးယိုနေလား"

သူ့ကြောင့် အိမ်ရှေ့စံမင်းသမီးက ပြုံးရယ်ခဲ့သည်။ အိမ်ရှေ့စံမင်းသားရဲ့ နားထင်ကို ထိတွေ့ကာ နူးညံ့စွာပြောလေသည်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now