Part 49

1.6K 200 1
                                    

TYCDTN

Chapter 49

ရှန်မောက်ချီနှင့် ယွီဖင်ယန် ရေချိုးအဝတ်အစားလဲပြီးနောက် ခန်းမထဲကို ရှေ့ဆင့်နောက်ဆင့် ဝင်သွားခဲ့သည်။ မဒမ်အိုကြီးက ခန်းမထက်က ထိပ်ဆုံးခုံမှာ ထိုင်နေကာ မြေးဖြစ်သူရဲ့ လက်ထဲက မြေးမကို လက်ယမ်းပြကာ

"ရှန်းအာ အဖွားဘေးလာထိုင်"

ယွီဖင်ယန်က ဂရုတစိုက်ဖြင့် ညီမဖြစ်သူကို ဘေးကထိုင်ခုံပေါ် ချပေးလိုက်သည်။

လင်ရှီက ကျင်းမောမောကို လက်ဖက်ရည်ငှဲ့ခိုင်းကာ ရှန်မောက်ချီကို ထိုင်ခိုင်းပြီး ယွီဖင်ယန်ကို အပြစ်တင်လေသည်။

"ယန်အာ နောက်ဆိုရင် ပြန်မလာခင် သန့်ရှင်းရေးလုပ်ခဲ့၊ ဒီနေ့ ချီအာလေးကို နင် လန့်အောင် လုပ်မိသွားပြီ၊ သူ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ဒီနေ့က စံအိမ်ရဲ့ အပျော်ရွှင်ရဆုံးနေ့ကို နင်က သွေးတွေ ပေနေတဲ့အဝတ်နဲ့ ပြန်လာပြီး ကံဆိုးအောင် လုပ်နေတာလား"

သူ(မ)က ၁၄နှစ်လုံးသားဖြစ်သူကို ဂရုမစိုက်ဘဲ ပါးစပ်ဖွင့်လိုက်တိုင်း အပြစ်တင်စကားသာ ဆိုခဲ့သည်။ သူက ဘာကြောင့် ဒီလိုသွေးတွေ ပေနေရတာလဲ၊ မိသားစုဝင်တွေ ကောင်းကောင်းနေထိုင်နိုင်ဖို့ သူဘာတွေ ပေးဆပ်ခဲ့ရတာလဲ၊ မိသားစုဝင်တွေ ပိုကောင်းမွန်တဲ့ဘဝရရှိအောင် ဘယ်လို သေဘေးကပ်ဘေးဒုက္ခတွေ သူ ကျော်ဖြတ်ခဲ့ရလဲဆိုတာ သူ(မ) မသိပေ။ ဒီခက်ခဲမှုတွေကို သူခံစားနေရတုန်းက သူ(မ) က ဘယ်မှာလဲ။ ဒီလိုအပြစ်တင်နေရအောင် သူမှာ ဘာအခွင့်အရေးရှိလို့လဲ။

ယွီဖင်ယန်က စကားပြန်မပြောဘဲ သူ(မ)ကို ခပ်တည်တည်သာ ကြည့်လိုက်သည်။ မဒမ်အိုကြီးက ရယ်စရာကောင်းသည့် ဟာသကို ကြားရတာကြောင့် စားပွဲကို ရိုက်ချကာ ဆဲလေသည်။

"ဒါက မှူးမတ်စံအိမ်တော် ယန်အာရဲ့အိမ်ပဲ၊ သူကြိုက်သလို ပြန်လာလို့ရတယ် နင်က ဘာဝင်စွက်ဖက်နေတာလဲ၊ နင် ယန်အာကို ရွံမုန်းရင် မြန်မြန်ထွက်သွားလေ၊ မာမောမော ကွာရှင်းစာချုပ် ထုတ်ပေးလိုက်"

မဒမ်အိုကြီးက လင်ရှီကို စကားပြောတိုင်း ကွာရှင်းစာချုပ်ဖြင့်သာ ဟန့်တားလေ့ရှိသည်။ ၁၄နှစ်ကြာပြီဖြစ်ကာ တကယ်ငြီးငွေ့နေပြီဖြစ်သည်။ သူ(မ)သာ ယန်အာရဲ့ မွေးအမေ မဟုတ်ပါက လင်ရှီကို သူ(မ) မိဘအိမ် ပြန်ပို့လိုက်ပြီဖြစ်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now