အမှိုက်ပုံ နိဗ္ဗာန်

81 15 5
                                    


1

၄၁ 

အမှိုက်ပုံ နိဗ္ဗာန်

"မြန်မြန်လာကွ...နောက်ကျနေလို့ ကုန်သွားရင် ဆယ်ရက်လောက် ကြာဦးမှာ ငါသေလိမ့်မယ်..."

"အငတ်ချင်း အတူတူ မင်းက ပိုငတ်ပါတယ်ကွာ...-ျီးမှပဲ...မိုးရွာရင် တစ်ခုမှ အဆင်မပြေဘူး.."

အိတ်ခွံတစ်လုံးကို ပခုံးပေါ် ကျော်ပြီး လက်နဲ့ဆွဲသိုင်းရင်း ဆယ့်သုံးနှစ် အရွယ် ကလေးနှစ်ယောက် ညအမှောင်နဲ့ မိုးဖွဲဖွဲအောက် ခြေလှမ်းသွက်သွက် လမ်းလျှောက်နေကြသည်..။

"ဟေ့ကောင်..ခဏ...ငါ့ဖိနပ် ပြုတ်ပြန်ပြီ.."

ပြောလည်းပြော ဖိနပ် တစ်ပိုင်းပြတ်ကို ကုန်းကောက်ကိုင်ပြီး လက်မနဲ့ သဲကြိုးကိုအသည်းအသန်  ပြန်ထိုးထည့်နေပေမဲ့ စိတ်မရှည်တက်တဲ့ သူငယ်ချင်းကောင်းကတော့ အလိုမကျဟန်ပြနေပြီ။

"မင်းက ဒီနေ့ သံဆိုင် နောက်ဘက်ကို ဝင်လို့ရသေးတယ်မလား...ငါ့ဟာနဲ့မလောက်ရင် မင်း‌ပေးကွာ"

"သေလိုက်ပါလား...ငါ ငတ်နေတာ ကြာလှပြီ...မင်းကိုပေးရင် ငါ ဒီည သေတော့မယ်.."

မိုးကအေးအေးမှာ ဒီလို ပြင်းထန်တဲ့ အငတ်ဒဏ်ကို ကောင်းကောင်းခံစား သိဖူးပြီးသားမို့ တိတ်နေလိုက်သည်။

မိုးက ရွာလို့ အရင်လို အလုပ်မတွင်တော့ဘူး ဆိုကာမှ အကုန်လုံး ဒေါ်လာဈေးနဲ့အပြိုင် တက်။

ပခုံးပေါ်က အိတ်ကို ဆွဲမတင်ပြီး မြန်မြန်လျှောက်နေရင်း အနားက ဆိုင်ကယ်တစ်စီးဖြတ်ကျော်သွားသည်။

"ကျော်ကြီး...ငါတို့ ညပိုင်းကို ဈေးတန်းဘက် သွားရင် ကောင်းမလား...ဆံနီကောင်တောင် ခိုင် နေပြီ"

"အဲ့ကကောင်တွေက သောက်ချိုးမပြေပါဘူး...တစ်ထောင်ရရင် တစ်ရာလောက်ပဲ ပြန်ပေးတယ် လက်သံပဲပြောင်တာ...ကျွဲကြီးဆို လပြည့်ရက်က ငါးသောင်းလောက်ရတာ ငါးထောင်ပဲပြန်ပေးတယ်"

"အေး.. ...ခုကမှ ငါတို့ရှာရင် ရှာသလောက် ရသေးတယ်..သူတို့ဆို ပိုက်ဆံမြင်ရကိုင်ရပြီး မပိုင်ရ..တွီ.."

"ဟာ...ဟိုမှာ ခွေးသတောင်းစား ဆံနီ..အသက်ရှည်ဦးမယ်..အမယ်..ဝယ်သွားတာကွ...တဖွဲ့လုံးအတွက်နေမှာ"

နှစ်ယောက်စလုံးရဲ့ ခြေလှမ်းတွေမြန်သွားတော့ အမှိုက်ပုံဘေးဘက်မှာ အလင်းရောင် တစ်ခုကို တွေ့နေရပြီ..။

"ကိုကြီးကျော်...ကျန်သေးတယ်မလား ကျန်သေးတယ်မလားလို့...မကျန်ရင်တော့ သေမှာပဲ...ကျန်သေးလား"

"နေပါဦးဟ...မင်းတို့ အိတ်တွေ သွန်ဦး...ဈေးဖြတ်ရဦးမယ် မင်းတို့အတွက် ငါ ချန်ထားပါတယ်ဟ.."

နှစ်ယောက်စလုံး ပခုံးပေါ်က အိတ်ကို မြေပေါ်ပစ်ချပြီး အကုန်သွန်ချပစ်လိုက်တော့ မီးနဲ့ထိုးပြီး ရွေးသည်။

သံတို သံစ တွေကို တုတ်တစ်ချောင်းနဲ့ ထိုးပြီး ရွေးနေချိန် ကိုကြီးကျော် ဘေးက ရေသန့်ဘူးကို ဗိုက်ဖောက် ပိုက်တပ် ရေထည့်ပြီး အဆင့်သင့်ချထားတဲ့ ရေသန့်ဘူးခွံ တစ်ခုနဲ့ အိတ်အကြည်ထဲ က နတ်ဆေးလုံး အနီလေးတစ်လုံးကို ကြည့်ရင်း နှစ်ယောက်စလုံး တံတွေးတွေ မြိုချကာ ပိုက်ဆံပြည့်ပါစေလို့ ဆုတောင်းနေကြရသည်။

ငွေသား မပေးနိုင်လို့ ပစ္စည်းတွေကို မတန်တဆကြီး ဈေးနှိမ်ယူတာ သိပေမဲ့ သူတို့ကိုယ်တိုင်လည်း သဘောတူကြပါသည်။

ကိုကြီးကျော် ဆီက ဒီနတ်ဆေးလုံးလေးက သူတို့ နှစ်ယောက်စလုံး ကို ပျော်အောင် လုပ်ပေးနိုင်တာ သူတို့သိနေသည်လေ..။



21.07.2022


တစ်နှစ်ပြည့် မီမိုလေး တက်လာမှ ရေးပြီး မတင်ရသေးတာ သတိရသွားတယ်။

One PageDove le storie prendono vita. Scoprilo ora